Connect with us

Asia

ဂျပန်နိုင်ငံ Kuchinoerabu ကျွန်းတွင် မီးတောင် ပေါက်ကွဲသောကြောင့် ပြည်သူများ ကျွန်းပေါ်မှ ချက်ချင်း ထွက်ခွာသွားရန် အမိန့်ထုတ်ပြန်

Kuchinoerabu ကျွန်းတွင် မီးတောင် ပေါက်ကွဲပုံ အားမြင်တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

တိုကျို ၊ မေ ၂၉ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ မိုးလေဝသဌာန သတင်း ထုတ်ပြန်ချက်အရ ဂျပန် နိုင်ငံ Kagoshima ကျွန်းခရိုင်ရှိ Kuchinoerabu ကျွန်းတွင် ဒေသ စံတော်ချိန် မေလ ၂၉ ရက် နံနက် ၁၀ နာရီ ဝန်းကျင်တွင် မီးတောင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ကျွန်းပေါ်ရှိ ဒေသခံ ပြည်သူများ ချက်ချင်း ထွက်ခွာသွားရန် အမိန့်ထုတ်ပြန် ခဲ့ကြောင်း သိရှိရသည်။

ဂျပန် ရုပ်မြင်သံကြား သတင်းများအရ မီးတောင်မှ မီးခိုး အမြောက်အများ ထွက်ရှိခဲ့ကြောင်း တွေ့ရှိရသည် ။ ပေါက်ကွဲမှု ကြောင့် ထွက်ရှိလာသော မီးခိုးများသည် မီတာ ၉၀၀၀ အထိ မြင့်တက် ခဲ့ပြီး ချော်ရည်ပူ များသည် ပင်လယ် ကမ်းခြေသို့ စီးဆင်း သွားကြောင်း မိုးလေဝသဌာနမှ သိရှိရသည်။ မိုးလေဝသ ဌာနမှ သတိပေး အဆင့်ကို အမြင့်ဆုံး အဆင့် (၅) ထိ မြှင့်တင်ခဲ့ပြီး ဒေသတွင်း ရှိ ပြည်သူများကို ချက်ချင်း ထွက်ခွာရန် အမိန့်ထုတ်ပြန်ခဲ့သည်။

Kuchinoerabu ကျွန်းသည် Kagoshima ကျွန်းခရိုင် တောင်ဘက်ရှိ ကျွန်းဖြစ်ပြီး ကျွန်းပေါ်တွင် နေထိုင်သူ အယောက် ၁၃၀ ခန့်ရှိကြောင်း သိရှိရသည်။ လက်ရှိချိန်ထိ ထိခိုက်သေဆုံး စာရင်း မသိရှိသေးကြောင်း သိရှိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117