Connect with us

Europe

ဗြိတိန် ဝန်ကြီးချုပ် ကင်မရွန်း ရာထူးမှ နှုတ်ထွက်မည် ဖြစ်ကြောင်း ကြေညာ

ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

လန်ဒန်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

ဥရောပသမဂ္ဂ အတွင်းမှ ဗြိတိန်နိုင်ငံ ထွက်ခွာမည့်ဘက်မှ အနိုင်ရပြီးနောက် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ရာထူးမှ နှုတ်ထွက်မည် ဖြစ်ကြောင်း ဇွန်လ ၂၄ ရက်က ကြေညာလိုက်သည်။

“ကျွန်တော်ဟာ တိုင်းပြည် ရှေ့ဆက်သွားမဲ့ခရီးရဲ့ ပဲ့ကိုင်သူဖြစ်မယ်လို့ ကျွန်တော် မထင်တော့ပါဘူး” ဟု လန်ဒန်က ဒေါင်းနင်းလမ်းရှိ ၎င်း၏ နေအိမ် အပြင်ဘက်၌ မီဒီယာသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
မည်သည့်အချိန် နှုတ်ထွက်မည်ဆိုသည့် အချိန်ကိုမူ အသေးစိတ် ပြောကြားထားခြင်း မရှိသော်လည်း ဝန်ကြီးချုပ် အသစ်တစ်ဦး ရရှိမည့်အချိန် အောက်တိုဘာလအထိ ရှိနေဦးမည်ဟု ဆိုသည်။
ထို့ပြင် လာမည့် ရက်သတ္တပတ်တွင် ပြုလုပ်မည့် ဥရောပသမဂ္ဂ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ကြောင်း ကင်မရွန်းက ဖြည့်စွက် ပြောကြားခဲ့သည်။
သမိုင်းဝင် ဆန္ဒခံယူပွဲပြီးနောက် ဥရောပသမဂ္ဂအတွင်းမှ ဗြိတိန်နိုင်ငံ ထွက်ခွာမည့်ဘက်မှ မဲဆန္ဒ ၅၂ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ပြီး အဖွဲ့ဝင် ၂၈ နိုင်ငံရှိ ဥရောပသမဂ္ဂနှင့် ၄၃ နှစ်ကြာ ဆက်ဆံရေးမှ ခွဲထွက်တော့မည် ဖြစ်သည်။ သို့သော်လည်း ဥရောပသမဂ္ဂမှ ဗြိတိန် ခွဲထွက်ရန် နှစ်နှင့်ချီ၍ အချိန်ယူရမည် ဖြစ်ကြောင်း ဗြိတိန် မီဒီယာများက ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117