Politics, Law & Military
ဒေါ်အောင်ဆန်းစုကြည် ၏ တရုတ် နိုင်ငံ ခရီးစဉ် သည် နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ကို ပိုမို ခိုင်မာ စေကြောင်း ဦးညွန့်မောင်ရှိန် ပြောကြား
ရန်ကုန် ၊ သြဂုတ် ၂၇ ရက်(ဆင်ဟွာ)
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ် နိုင်ငံ သို့ သွားရောက်လည်ပတ် ခဲ့သည့် ခရီးစဉ်သည် နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ကို ပိုမို ခိုင်မာ စေကြောင်း မြန်မာ နိုင်ငံ မဟာဗျူဟာ နှင့် နိုင်ငံတကာ လေ့လာရေး အဖွဲ့ ဥက္ကဋ္ဌ ဦးညွန့်မောင်ရှိန် မှ သြဂုတ်လ ၂၅ ရက်နေ့တွင် ဆင်ဟွာ သတင်းဌာန နှင့် သီးသန့် တွေ့ဆုံမေးမြန်းမှု တွင် ပြောကြား ခဲ့ပါသည်။
ဦးညွန့်မောင်ရှိန် က “ကျွန်တော်တို့နှင့် တရုတ် နိုင်ငံ တို့တွင် အစဉ်တစိုက် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ရှိကြောင်း” ၊ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာ ဆက်ဆံရေးကို အလေးထားပြီး အိမ်နီးချင်း နိုင်ငံ ဆက်ဆံရေး ကို ပိုမိုအလေးထားကြောင်း ပြောကြား ခဲ့သည်။
ထို့ပြင် ဦးညွန့်မောင်ရှိန်က မြန်မာ နိုင်ငံ လွတ်လပ်ရေး ရပြီးသည့် အချိန် မှစ၍ မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ကို တည်ထောင်ခဲ့ပြီး နှစ်နိုင်ငံ ခေါင်းဆောင်များဟာ အသွားအလာ အလည်အပတ် အပြန်အလှန် အမြဲ ပြုလုပ် ခဲ့ကြောင်း ၊ ဒေါ်အောင်ဆန်းစုကြည်၏ တရုတ် နိုင်ငံ ခရီးစဉ်သည် ဤ ဆက်ဆံရေးကို ပိုမို ကောင်းမွန်စေသည့် ခရီးစဉ် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ ခေါင်းဆောင်များ မကြာခဏ အပြန်အလှန် သွားလာ လည်ပတ်ခြင်း မှ တစ်ယောက်အကြောင်း တစ်ယောက်နားလည်ပြီးတော့ ချစ်ကြည်ရင်းနှီးမှုက ပိုပြီး ခိုင်မာစေတယ်လို့မြင်ပါတယ် ဟု ပြောကြား ခဲ့ပါသည်။
မြန်မာ နိုင်ငံ မဟာဗျူဟာ နှင့် နိုင်ငံတကာ လေ့လာရေး အဖွဲ့ သည် နိုင်ငံခြားရေး ဝန်ကြီးဌာန အောက်ရှိ Think tank အဖွဲ့အစည်း ဖြစ်ပြီး နိုင်ငံတကာ ဆက်ဆံရေး နှင့် ပတ်သက် သော လေ့လာမှု များကို အဓိက ထား လေ့လာသည့် အဖွဲ့အစည်းဖြစ်သည်။ ဦးညွန့်မောင်ရှိန် သည် အငြိမ်းစား သံအမတ်ကြီး နှင့် မြန်မာ နိုင်ငံ၏ ကုလသမဂ္ဂ ဆိုင်ရာ သံအမတ်ကြီးဟောင်း ဖြစ်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှ စတင်၍ မြန်မာ နိုင်ငံ မဟာဗျူဟာ နှင့် နိုင်ငံတကာ လေ့လာရေး အဖွဲ့ ဥက္ကဋ္ဌ တာဝန် ကို စတင် ထမ်းဆောင် ခဲ့ပါသည်။(Xinhua)