Connect with us

Local

မြန်မာ့ရွှေဈေး တစ်ကျပ်သား ၁,၈၅၀,၀၀၀ ကျပ်အထိ မြင့်တက်

ရန်ကုန်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)

ပြည်တွင်းဒေါ်လာဈေးနှင့် ကမ္ဘာ့ရွှေဈေး မြင့်တက်မှုကြောင့် မြန်မာ့ရွှေဈေးသည် တစ်ကျပ်သားလျှင် ၁,၈၀၀,၀၀၀ကျပ် မှ ၁,၈၅၀,၀၀၀ ကျပ်အထိ တစ်ရက်အတွင်း ၅၀,၀၀၀ကျပ် မြင့်တက်ခဲ့ကြောင်း နှင့် ရွှေဈေးနှုန်းတည်ငြိမ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ က ဆင်ဟွာသို့ စက်တင်ဘာ ၁၀ ရက်တွင် ပြောသည်။ရွှေဈေးသည် ဈေးစဖွင့်သည့်အချိန်မှစ၍ ဆက်တိုက်တက်ခဲ့ခြင်းဖြစ်ကြောင်း၊ စက်တင်ဘာ ၉ ရက်တွင် ကမ္ဘာ့ရွှေဈေးတစ်အောင်စလျှင် ၁,၇၈၇ ဒေါ်လာရှိပြီး၊ အမေရိကန်တစ်ဒေါ်လာကို ၁,၈၅၀ ကျပ် ပေါက်ဈေးရှိခဲ့ကြောင်း ၊ ယနေ့ စက်တင်ဘာ ၁၀ ရက်မွန်းလွဲပိုင်းတွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ၁,၈၀၂ ဒေါ်လာရှိပြီး အမေရိကန်ဒေါ်လာဈေးမှာ ပြင်ပတွင် တစ်ဒေါ်လာပေါက်ဈေး ကျပ်၂,၀၀၀ ကျော် အထိ ဈေးနှုန်းမြင့်တက်လာခဲ့ကြောင်းဦးမျိုးမြင့်ထံမှ သိရသည်။

“အခုကရွှေက ဈေးကွက်ထဲမှာပစ္စည်းပြတ်နေတယ်။ ဈေးကွက်ထဲမှာက ရွှေ ၂ပိုင်း၊ ၃ ပိုင်းလောက်နဲ့ ပဲ အရောင်းအဝယ်ဖြစ်နေတယ်။ အဓိက ဒေါ်လာဈေးနဲ့ ကမ္ဘာ့ရွှေဈေးတက်လို့ ရွှေဈေးတက်တာပါ။ ရွှေဆိုင်တွေကလည်း ပိတ်ထားတာကြတော့ အရင်က ပုံမှန်ရွှေဆိုင်တစ်ဆိုင်၊ တစ်ဆိုင်ကိုလာတဲ့ အထည်ပျက် တွေပဲ နှစ်ပိဿာ၊ သုံးပိဿာကလည်း မရဘူး။ အဲဒီကပြန်ထည်ကုန်ကြမ်းလည်း မဝင်တော့ဘူး။ ရွှေတွင်းတွေကလည်းမိုးများတော့မြေပြိုတာတွေ၊ တုပ်ကွေးတွေကြောင့် တောထဲက ရွှေထုတ်တဲ့လုပ်ငန်းကနေလည်း ရွှေထွက်မလာတော့ဘူး။ တချို့လူတွေကလည်း ရွှေကို ဝယ်ယူပြီးသိမ်းထားကြတာတွေရှိတယ်’’ ဟု ဦးမျိုးမြင့်က ဆက်ပြောသည်။

လသာရှိရွှေဆိုင်ရှင်တစ်ဦးက “ကျွန်တော်တို့ကတော့ရွှေဆိုင်က ပိတ်ထားတယ်။ ဈေးကွက်က မတည်ငြိမ်တဲ့သဘောဖြစ်နေပါတယ်။’’ ဟုပြောသည်။

ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းအနေဖြင့် ရွှေဈေးနှုန်းတည်ငြိမ်ရေး အတွက်လက်ရှိအချိန်တွင် ဈေးအတွင်းဖွင့်ထားသည့် ရွှေဆိုင်ကြီးများတွင် ပန်းတိမ်သမားများကိုသာရွှေရောင်းရန်နှင့် ရွှေကုန်ကြမ်းမရှိဘဲအော်ဒါထည်များလက်မခံရန် ပြောထားကြောင်း သိရသည်။

“ပန်းတိမ်သမားတစ်ဦးကို ရွှေ၅ ကျပ်သားကနေ ၁၀ ကျပ်သားအထိပဲ ရောင်းပေးဖို့ ပြောထားတယ်။ ရွှေမရှိဘဲအဝယ်အော်ဒါကိုလည်းလက်မခံဖို့။ ရွှေမရှိဘဲ အော်ဒါလက်ခံရင် ဈေးကွက်ထဲမှာ ဈေးပြိုင်နဲ့ လာဝယ်မှာစိုးတဲ့အတွက်အခုလို ပြောရတာဖြစ်ပါတယ်’’ ဟု ၎င်းကဆက်ပြောသည်။စက်တင်ဘာ ၁၀ ရက်မွန်းလွဲပိုင်းတွင် ကမ္ဘာ့ရွှေဈေးတစ်အောင်စကို ၁,၈၀၂ဒေါ်လာ၊ မြန်မာ့ရွှေဈေး တစ်ကျပ်သားကို ၁,၈၅၀,၀၀၀ ကျပ် ပေါက်ဈေးရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117