Connect with us

Business

ရန်ကုန်တိုင်းဒေသကြီး ရှိ ရွှေကုန်သည်များ၊ ရွှေဆိုင်ပိုင်ရှင်များ အား ရွှေနှင့် ကျပ်ငွေ သယ်ယူခွင့် လက်မှတ် ထုတ်ပေးမည်

ရွှေဆိုင်တစ်ဆိုင်တွင် လက်ဝတ်လက်စားများ ခင်းကျင်းထားသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေကုန်သည်များ၊ ရွှေဆိုင်ပိုင်ရှင်များ အား ရွှေနှင့် ကျပ်ငွေ သယ်ယူခွင့် လက်မှတ် ထုတ်ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဆင်ဟွာသို့ စက်တင်ဘာ ၁၃ ရက်တွင်ပြောသည်။

“ရွှေကုန်သည်တွေ အတွက်လက်မှတ်ကို ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းကနေ ထုတ်ပေးသွားမှာပါ။ လုပ်ဖြစ်ရတဲ့ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ လောလောဆယ်ရွှေဆိုင်တွေကို လာရောင်းတဲ့ ရွှေထည်တွေကို ရွှေဆိုင်တွေကနေ ရွှေသန့်စင်ခန်းတွေမှာ သွားရောက်ပြီး အခေါက်ရွှေပြန်လုပ်ပါတယ်။ အဲလိုသွားတဲ့အခါမှာ လမ်းမှာ စစ်ဆေးရေးဂိတ်တွေရှိတဲ့အတွက် ရွှေကုန်သည်၊လုပ်ငန်းရှင်တွေ အဆင်ပြေဖို့အတွက် ထောက်ခံစာလုပ်ပေးတဲ့သဘောပဲ။’’ ဟု ဦးမျိုးမြင့်က ပြောသည်။

ယင်းသို့ဆောင်ရွက်ခြင်းအားဖြင့် စစ်ဆေးမှုတစုံတရာရှိပါက ထောက်ခံချက်လက်မှတ်အား ထုတ်ပြနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ထောက်ခံချက်လက်မှတ် ကတ်ပြားပေါ်မှာ သယ်ယူသူရဲ့ ဓာတ်ပုံ ကပ်ထားပါတယ်။ ရွှေဆိုင်နာမည်တွေလည်းရေးပေးထားပါတယ်။ဖုန်းနံပါတ်တွေ ရေးပေးထားပါတယ်။ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းရဲ့ ဖုန်းနံပါတ်လည်းရေးပေးထားပါတယ်။ တစုံတခု မသင်္ကာရင် ကျွန်တော်တို့ဆီ ဖုန်းဆက်လို့ရသလို ကျွန်တော်တို့ကလည်း ချက်ချင်း အကြောင်းပြန်ပေးပါတယ်။’’ ၎င်းကဆက်ပြောသည်။

ယနေ့စက်တင်ဘာ ၁၃ ရက် မြန်မာ့ရွှေဈေး ကွက်တွင် တစ်ကျပ်သားလျှင် ၁,၈၂၈,၀၀ ကျပ် ၊ ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ၁၇၉၁ ဒေါ်လာရှိကြောင်း သိရသည်။ (Xinhua)

 

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117