Africa & Middle East
နေတိုးက ဖိအားပေးနေလင့်ကစား ယူကရိန်းနယ်စပ်အနီး၌ ရုရှားစစ်တပ်ကို တပ်ချထားမည်ဟု ကရင်မလင်နန်းတော်ပြော
မော်စကို ၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ)
မြောက်အတ္တန္တိတ်မဟာမိတ်စာချုပ်အဖွဲ့(NATO) နှင့် တင်းမာမှုမြင့်တက်နေခြင်းကြောင့် ယူကရိန်းနိုင်ငံနယ်စပ်အနီး ၎င်းတို့၏ ပိုင်နက်နယ်မြေအတွင်း ရုရှားက မိမိတို့၏ တပ်ဖွဲ့ဝင်များကို တပ်ချထားမည်ဖြစ်ကြောင်း ကရင်မလင်နန်းတော်ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov က ဇန်နဝါရီ ၁၆ ရက် တွင်ပြောကြားလိုက်သည်။
“ သိပ်ကိုတင်းမာနေတဲ့ အခြေအနေနဲ့ သိပ်ကိုနှစ်လိုဖွယ်မကောင်းတဲ့ ပတ်ဝန်ကျင်အနေအထားတစ်ခု ဖြစ်နေလို့ တပ်ဖွဲ့ဝင်တွေကို ဆက်ပြီးတပ်ချထားဖို့ လိုအပ်မယ်ဆိုတာ ကျွန်တော်တို့ တွေ့ရပါတယ်” ဟု အမေရိကန်ရုပ်သံဌာန(CNN ) နှင့်တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် Peskov က ထည့်သွင်းပြောကြားခဲ့သည်။
နေတိုး၏ စစ်ဘက်ဆိုင်ရာတည်ဆောက်မှု ၊ စစ်ရေးလေ့ကျင့်မှု နှင့် မကြာခဏ ဂျက်တိုက်လေယာဉ်များပျံသန်းမှု နှင့် ရုရှားနယ်စပ်အနီး ထောက်လှမ်းရေး လေယာဉ်များ ပျံသန်းမှုပြုလုပ်နေသည်ကို တုန့်ပြန်ရန် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ရုရှားနိုင်ငံက ထိုသို့ တပ်ဖွဲ့ဝင်များ တပ်ချထားရန် လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
သို့သော်လည်း လုံခြုံရေးဆိုင်ရာအာမခံချက်ရရှိရေးအတွက် အမေရိကန် ၊ နေတိုးအဖွဲ့တို့နှင့် ဆွေးနွေးမှု မအောင်မြင်ခဲ့ရင်တောင်မှ ရုရှားနိုင်ငံအနေဖြင့် “စစ်ရေး” အရေးယူဆောင်ရွက်မှု တစ်ခုလုပ်ဆောင်သွားရန် ထည့်တွက်စဉ်းစားထားခြင်းမရှိကြောင်း Peskov က ပြောကြားခဲ့သည်။
သို့သော် အကယ်၍ နှစ်ဖက်စလုံးသည် ဘုံသဘောတူညီချက်တစ်ခု ရရှိအောင် မလုပ်ဆောင်နိုင်ပါက ရုရှားနိုင်ငံအနေဖြင့်“ တန်ပြန်အရေးယူတုန့်ပြန်မှုလုပ်ဆောင်ရန် အသင့်ရှိကြောင်း” ၎င်းက ဆိုသည်။
ယခုရက်သတ္တပတ်အစောပိုင်းတွင် ရုရှားသံတမန်များသည် ဂျီနီဗာမြို့၌ အမေရိကန်သံတမန်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ၊ ဗီယင်နာမြို့၌ ဥရောပလုံခြုံရေး နှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း နှင့် နေတိုးအဖွဲ့(NATO) နှင့်အတူ ဘရက်ဆဲလ်မြို့၌ ဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးမှုများအားလုံးသည် မည်သည့်ရလဒ်မှ မထွက်ပေါ်ဘဲ အဆုံးသတ်ခဲ့ရသည်။
ယူကရိန်းအား နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံခြင်းမပြုရေး သို့မဟုတ် ရုရှားနိုင်ငံ၏ အနီရောင်မျဉ်းများ အစိတ်အပိုင်းဟု သတ်မှတ်ထားသည့် ယူကရိန်းနိုင်ငံပိုင်နက်အတွင်း မဟာဗျူဟာမြောက် ထိုးစစ်စင် စစ်လက်နက်များ ချထားခြင်းမပြုရေး ကတိကဝတ်ကို နေတိုးအဖွဲ့က(NATO) ပေးအပ်ရန် စိတ်ဆန္ဒမရှိဖြစ်နေသည် ဟု Peskov က CNN သတင်းဌာနသို့ပြောကြားခဲ့သည်။ (Xinhua)
…………………………………..
(English Version)
Russian troops to stay near Ukrainian border amid NATO pressure: Kremlin
MOSCOW, Jan. 16 (Xinhua) — Russia will station troops on its own territory near the Ukrainian border due to tensions with the North Atlantic Treaty Organization (NATO), Kremlin spokesman Dmitry Peskov said Sunday.
“We find it necessary to keep those troops due to a very tense situation and very unfriendly environment,” Peskov said in an interview with U.S. broadcaster CNN.
Russia has to take measures of precaution in response to NATO military build-up, drills and frequent flights of fighter jets and reconnaissance planes near the Russian borders, he said.
However, Russia is not considering a military action even if negotiations with the United States and NATO on security guarantees fail, Peskov stressed.
Nevertheless, Russia is “ready to take countermeasures” if both sides cannot reach a consensus, he said.
Earlier this week, Russian diplomats held talks with the United States in Geneva, with the Organization for Security and Co-operation in Europe in Vienna, and then with NATO in Brussels. They all ended without any breakthrough.
Peskov told CNN that NATO is reluctant to promise that it will not grant Ukraine membership or deploy offensive weapons on the Ukrainian territory, which are part of Russia’s red lines.
Photo taken on Sept. 12, 2021 shows a scene of the joint strategic exercise “Zapad-2021” by Russian and Belarusian armed forces at a training ground in Belarus. (Photo by Henadz Zhinkov/Xinhua)