Connect with us

Videos

မဟာရန်ကုန် တွင် တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်ကို စည်ကားစွာကျင်းပ

ရန်ကုန် ၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

တရုတ် နှစ်သစ်ကူး ပွဲတော်အား ရန်ကုန်မြို့ရှိ ရွှေတိဂုံ ဘုရားလမ်း ၊ ဗိုလ်ရွဲလမ်း ၊ လသာလမ်း ၊ စဉ့်အိုးတန်း လမ်း ၊ လမ်းမတော်လမ်း တစ်လျှောက် ဖွင့်ပွဲ အခမ်းအနားများဖြင့် ယနေ့ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်းတွင် စတင် ကျင်းပ ပြုလုပ်လျက် ရှိသည်။

တရုတ်နှစ်သစ်ကူး ပွဲတော် ဖွင့်ပွဲ အခမ်းအနားအား ရွှေတိဂုံ ဘုရားလမ်းရှိ မြန်မာနိုင်ငံ တရုတ် ကုန်သည်များ အသင်း ဖျော်ဖြေရေး မဏ္ဍပ်၌ စတင် ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦး အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ထို့ပြင် မြန်မာနိုင်ငံရှိ တရုတ်လူမျိုး အသင်းအဖွဲ့များ ၊ မြန်မာပြည်ဖွား တရုတ်လူမျိုးများ ၊ နိုင်ငံခြားသား ဧည့်သည်များ နှင့် ပြည်သူများမှလည်း တရုတ်နှစ်သစ်ကူး ပွဲတော်အား ပါဝင် ဆင်နွှဲရန် ရောက်ရှိခဲ့ကြ သည်။

ဖွင့်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံ တရုတ်ကုန်သည်များ အသင်း ဥက္ကဋ္ဌ ဦးမြင့်ရွှေ ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦး ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က နှစ်သစ် မင်္ဂလာ နှုတ်ခွန်းဆက် စကားများ ပြောကြားခဲ့သည်။

တရုတ်နှစ်သစ်ကူး ပွဲတော် အထိမ်းအမှတ် အဖြစ် ရန်ကုန်မြို့ရှိ တရုတ်တန်း မဟာဗန္ဓုလလမ်း တစ်လျှောက် တရုတ်ရိုးရာ မီးပုံး ၃၁၀၀ ကျော်ဖြင့် အလှဆင်ထားသည့် အပြင် ဖွင့်ပွဲ အခမ်းအနားတွင် တရုတ်ရိုးရာ ခြင်္သေ့ ၊ နဂါးရုပ် ကောင်ရေ ၆၀ ကျော်မှ ဘင်ခရာ တီးဝိုင်းများဖြင့် လှည့်လည် ဖျော်ဖြေတင်ဆက်ခဲ့ပြီး တရုတ်ရိုးရာ ယဉ်ကျေးမှု အနုပညာများအား လမ်းတစ်လျှောက် ပြသထားသည်။

ထို့အတူ တရုတ်ရိုးရာ နှစ်သစ်ကူး အထိမ်းအမှတ် အဖြစ် နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့မှ ဆရာတော်ကြီးများ ၊ ရန်ကုန်တိုင်းဒေသကြီး အတွင်း မြို့နယ် အသီးသီးရှိ ကျောင်းတိုက်များမှ သံဃာတော်များ ၊ တရုတ်ဘုန်းတော်ကြီးများ နှင့် သီလရှင် ဆရာကြီး ၊ ဆရာလေးများ စုစုပေါင်း ၁၅၅၅ ပါးတို့အား အာရုံတန်းဆွမ်း လောင်းလှူခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.