Connect with us

Social

တရုတ် နိုင်ငံ Blue Sky ကယ်ဆယ်ရေး အဖွဲ့မှ အမျိုးသမီးနှင့် ကလေးငယ်များအား ကယ်ဆယ် ပို့ဆောင် ပေးခဲ့

တရုတ် နိုင်ငံ Blue Sky ကယ်ဆယ်ရေး အဖွဲ့မှ ဧရာတီတိုင်းတွင် အမျိုးသမီးနှင့် ကလေးငယ်များအား ကယ်ဆယ် လာစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံမှ မြန်မာ နိုင်ငံသို့ ရေဘေး ကယ်ဆယ်ရေး လုပ်ငန်းများ လာရောက် ကူညီ ဆောင်ရွက်ပေးနေ သည့် Blue Sky ကယ်ဆယ်ရေး အဖွဲ့သည် ယနေ့ တွင် ဧရာဝတီတိုင်း အင်္ဂပူ မြို့နယ် ကနီ ဒေသ အတွင်းရှိ ဖျားနာနေသော ကလေးငယ် ၁၁ ဦး၊ နေမကောင်း ဖြစ်နေသည့် အမျိုးသမီး တစ်ဦး နှင့် သက်ကြီး ရွယ်အို တစ်ဦး အား ဆေးရုံသို့ ကယ်ဆယ် ပို့ဆောင် ပေးခဲ့သည်။

Blue Sky ကယ်ဆယ်ရေး အဖွဲ့မှ ထိုရေဘေး ဒုက္ခသည် များအား ဒေသတွင်းရှိ ဆေးရုံသို့ ပို့ဆောင် ပေးခဲ့သည်။ လက်ရှိ အချိန်တွင် Blue Sky ကယ်ဆယ်ရေး အဖွဲ့သား များသည် ဒုက္ခသည်များကို ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီးနောက် ကျန်ရေဘေးသင့် ဒေသများသို့ သွားရောက်၍ ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက် နေကြောင်း သိရှိရသည်။

Blue Sky ကယ်ဆယ်ရေး အဖွဲ့သည် သြဂုတ်လ ၆ ရက်နေ့က ရေးဘေးဒုက္ခ ဆိုးရွားစွာ ကြုံတွေ့ ခဲ့သည့် ရခိုင်ပြည်နယ်တွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် အတွင်း မြန်မာ နိုင်ငံ သမ္မတ ဦးသိန်းစိန်မှ စစ်တွေမြို့၌ လာရောက် တွေ့ဆုံခဲ့ပြီး သမ္မတ ကြီးမှ ဒေသတွင်း သက်ဆိုင်ရာ ဌာနများမှ ပူးပေါင်း လုပ်ဆောင်ကြရန် ပြောကြားခဲ့ကြောင်း သိရှိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117