Connect with us

Videos

အီဂျစ် နိုင်ငံ၏ ဖာရို ဘုရင်များ ဆိုင်ရာ အကြီးဆုံး သမိုင်းပြတိုက်ကို ၂၀၁၈ ခုနှစ်တွင် ဖွင့်လှစ်မည်

ကိုင်ရို ၊ ဖေဖော်ဝါရီ ၂ ရက်(ဆင်ဟွာ)

အီဂျစ်နိုင်ငံ၏ ဖာရိုဘုရင်များဆိုင်ရာ အကြီးဆုံး သမိုင်းပြတိုက်ကို ကိုင်ရိုမြို့အနီးတွင် ၂၀၁၈ ခုနှစ် အတွင်း ဖွင့်လှစ် သွားမည်ဟု သိရသည်။ ယင်းပြတိုက်ကို ကိုင်ရိုမြို့ရှိ ဂီဇာ ပိရမစ်ကြီး၏ မြောက်ဘက် ၂ ကီလိုမီတာ အကွာတွင် တည်ရှိသော စတုရန်း ကီလိုမီတာ ၅သိန်းခန့် ကျယ်ဝန်းသည့် မြေနေရာ၌ တည်ဆောက်နေကြောင်းသိရသည်။

ယင်းပြတိုက်တွင် ရှေးဟောင်း လက်မှုပစ္စည်းပေါင်း တစ်သိန်းကျော်ကို စုဝေးပြသမည်ဖြစ်ပြီး နာမည်ကျော် တူတာခမန်ဘုရင်နှင့် ပက်သတ်သည့် တူးဖော် တွေ့ရှိရသော အမွေအနှစ်ပေါင်း ၅၀၀၀ ကျော်ကို အဓိက ပြသသွားမည်ဖြစ်သည်။ ပြတိုက်တည်ဆောက်မှုအတွက် သတ်မှတ်မှုကို ၂၀၀၁ခုနှစ်က စတင်ပြုလုပ်ခဲ့သည်။၂၀၁၈ ခုနှစ်တွင် ၁၅၀၀၀ စတုရန်း မီတာ အကျယ်အဝန်းရှိ ပြတိုက်၏ပထမအဆင့် ကို စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.