Politics, Law & Military
ယာဉ်ကြောပိတ်ဆို့မှု ဖြေလျှော့ရန် အငှား ယာဉ်(Taxi)များကို ထက်ဝက်ခန့် လျှော့ချသွားရန်စီစဉ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)
ယာဉ်စီးရေ အများဆုံးတည်ရှိရာ ရန်ကုန်မြို့တွင် ယာဉ်ကြောကျပ်တည်း မှုကို ဖြေလျှော့သည့်အနေဖြင့် အငှား ယာဉ်(Taxi)များကို ထက်ဝက်ခန့် လျှော့ချသွားမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ယခုအခါ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော အငှားယာဉ်များမှာ အရေအတွက်အားဖြင့် ၆၆၀၀၀ ကျော်ရှိကြောင်း၊ အမျိုးအစားအားဖြင့် နှစ်မျိုး ခွဲခြားထားကြောင်း သိရသည်။ AA၊ BB၊ CC တို့လို အမြဲတမ်းအငှားယာဉ်များနှင့် အိမ်စီးကားအနက်များမှ ပြောင်းလာသော အငှားယာဉ်ဟူ၍ ခွဲခြားထားကြောင်း၊ AA၊ BB၊ CC စသည့်ကဲ့သို့ အငှားယာဉ်များမှာ ရန်ကုန်မြို့တွင်း၌ စုစုပေါင်း သုံးသောင်း ကျော်၊ လေးသောင်းနီးပါးရှိပြီး ကိုယ်ပိုင်ကားအနက်များမှ အငှားယာဉ် (TAXI) အနီ ပြောင်းလာသော ယာဉ်အရေအတွက်မှာ ၂၇၀၀၀ ကျော်ရှိကြောင်း တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးòန်ကြားမှုဦးစီးဌာနမှ သိရသည်။ အဆိုပါ အငှားယာဉ် (TAXI) များကို တိုင်းဒေသကြီးအစိုးရအနေဖြင့် ယာဉ်ကြောကျပ်တည်းမှု ဖြေလျှော့သည့် အနေဖြင့် ယခုအခါ အငှားယာဉ် (TAXI) ထက်ဝက်နီးပါးခန့်ကို ဖြေလျှော့ရန် စီစဉ် လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။ (Xinhua)