Connect with us

Videos

တရုတ်နိုင်ငံက အလှပဆုံး အများသုံး သန့်စင်ခန်း

ရှန်ဟိုင်း၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ Zizhou လမ်းတွင် အများပြည်သူ သုံးသန့်စင်ခန်း တစ်ခုမှာ နိုင်ငံခြားသား ဧည့်သည်များနှင့် ဒေသခံ ပြည်သူများ အသုံးပြုရန် သန့်ရှင်း လတ်ဆတ်သော ရေများဖြင့် ဝန်ဆောင်မှု ပေးထားသည်။ သန့်စင်ခန်း ထိန်းသိမ်းစောင့်ရှောက်သည့် Zhou Qinghua ဆိုသူမှာ သန့်စင်ခန်းအတွင်း အလှဆင်ထားသည့် ပန်းအိုးများကို နေ့စဉ် လဲလှယ်ပေးထားမှုကြောင့်လည်း သန့်စင်ခန်းမှာ သန့်ရှင်း မွှေးပျံ့နေသည်။

Zhou က သူမ၏ အလုပ်ကို နှစ်သက်ကြောင်း သန့်စင်ခန်းဆိုသည်မှာ အညစ်အကြေးများ စွန့်ပစ်သည့် နေရာတစ်ခု ဖြစ်ရုံသာမက ပတ်ဝန်းကျင် အပြင်အဆင်များကလည်း သန့်ရှင်းသပ်ရပ်ရန်လိုသည့်အပြင် လာရောက် အသုံးပြုသူများ အနေဖြင့်လည်း နွေးထွေးပြီး သက်တောင့်သက်သာဖြစ်ရန် လိုအပ်သည်ဟု ထင်မြင်သောကြောင့် ထိုသို့ ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။ သူမက မည်မျှ သေးငယ်သည့် အလုပ်ပင် ဖြစ်ပါစေ စိတ်စေတနာကောင်းကောင်းဖြင့် စိတ်ပါဝင်စားစွာ လုပ်ပါက အရေးမပါသည့် အလုပ်ဆိုသည်မှာ မရှိကြောင်း သက်သေပြနိုင်သူ တစ်ဦးလည်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.