Connect with us

Politics, Law & Military

အမေရိကန်၏ “အင်ဒို-ပစိဖိတ်မဟာဗျူဟာ”သည် မုချ ရှုံးနိမ့်မည့် မဟာဗျူဟာဖြစ်သည်ဟု တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ ပြောကြား

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီးဝမ်ရိအား မတ် ၃၁ ရက် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်(ဆင်ဟွာ)

ကွမ်ကျိုး၊ မေ ၂၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ပါကစ္စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Bilawal Bhutto Zardarတို့သည် မေ ၂၂ ရက် တွေ့ဆုံဆွေးနွေးမှုအပြီး သတင်းစာရှင်းလင်းပွဲ အတူကျင်းပခဲ့သည်။သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက အမေရိကန်နိုင်ငံအနေဖြင့် တရုတ်ဝန်းရံပိတ်ဆို့ရေး “အင်ဒို-ပစိဖိတ် မဟာဗျူဟာ”တွန်းအားပေးဆောင်ရွက်နေခြင်းအပေါ် မေးမြန်းခဲ့ရာ ဝမ်ရိက အမေရိကန်၏”အင်ဒို-ပစိဖိတ် မဟာဗျူဟာ”သည် နိုင်ငံတကာ အထူးသဖြင့် အာရှ-ပစိဖိတ်ဒေသ နိုင်ငံအသီးသီး၏ သတိထားမှုနှင့်စိုးရိမ်မှုကို ပိုတိုးလာစေကြောင်း ပြောကြားခဲ့သည်။

“မဟာဗျူဟာ”ဟု ဆိုသော ခြေလှမ်းက ပေါ်လွင်နေပြီဖြစ်ရာ “အာရှ-ပစိဖိတ်”ဟူသောအမည်ကို ဖျောက်ဖျက်ချင်ရုံသာမက အာရှ-ပစိဖိတ် ဒေသတွင် ထိရောက်စွာဆောင်ရွက်နေသာ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု မူဘောင်ကို ဖျောက်ဖျက်ပစ်ချင်နေသလို နှစ်ပေါင်းဒါဇင်နှင့်ချီဒေသတွင်းနိုင်ငံအသီးသီး အတူကြိုးပမ်းတည်ဆောက်ထားသော ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ရေးရလဒ်နှင့် အရှိန်အဟုန်ကို ဖျောက်ဖျက်ပစ်ချင်နေသည့် ၎င်း၏ရည်ရွက်ချက်ကို အားလုံးက သိရှိပြီးဖြစ်ကြောင်း ဆိုသည်။

အာရှ-ပစိဖိတ်ဒေသ ပြည်သူများသည် ဗိုလ်ကျလွှမ်းမိုးရေးအာဏာ ဦးဆောင်သော ပဋိပက္ခ ထိပ်တိုက်ရင်ဆိုင်အဖြစ်အပျက်များကို အမှတ်ရသိမြင်လျက်ရှိရာ လက်ရှိ ကြိုးပမ်းကြသည်မှာ နိုင်ငံတည်ငြိမ်ရေးနှင့်လူမှုဘဝအေးချမ်းသာယာရေး ဖြစ်ကြောင်း ဝမ်ရိက အလေးထား ပြောကြားခဲ့သည်။

အာရှ-ပစိဖိတ်နိုင်ငံ အများက ဘက်ရွေး မရပ်တည်လိုကြသလို နိုင်ငံအသီးသီး သဟဇာတဖြစ်သင့်မြတ်စွာနေထိုင်ပြီး ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်လိုခြင်းက အဓိက အသံဖြစ်ကြောင်း၊ အာရှ-ပစိဖိတ်ဒေသ၏ ခေတ်ရေစီးကြောင်းသည် ဒေသတွင်းပေါင်းစည်း၍ အာရှ-ပစိဖိတ် ကံကြမ္မာတူအကျိုးတူအသိုက်အဝန်း တည်ဆောက်ခြင်း ဖြစ်ကြောင်း၊ ငြိမ်သက်မှုမရှိ ပြောင်းလဲနေသည့် ကမ္ဘာကို ရင်ဆိုင်ရာတွင် ဤဒေသသည် ဒေသတစ်ခုလုံးတည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းထားနိုင်ပြီး အာရှဖွံ့ဖြိုးရေးရထားကြီးသည်လည်း ကပ်ရောဂါ မြူမှိုင်းများမှ ဦးစွာ ထိုးဖောက်နိုင်ရာ ၂၀၂၁ ခုနှစ် GDPတိုးတက်မှုနှုန်း ၆.၃ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ ဤကဲ့သို့သော ရခဲလှသည့်အခြေအနေမျိုးဖြစ်လာသည်မှာ အာရှ-ပစိဖိတ် နိုင်ငံများ၏ တစ်စိတ်တစ်ဝမ်းတည်း စည်းလုံးညီညွတ်သောစိတ်ဓါတ် ၊အာရှ-ပစိဖိတ်ဒေသ ပြည်သူများ၏ ကြိုးပမ်းဖော်ဆောင်မှုကြောင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန် ဖန်တီးသည့်”အာရှ-ပစိဖိတ် မဟာဗျူဟာ”သည် “လွတ်လပ်၊ပွင့်လင်းရေး”အလံကို ကိုင်ဆောင်ထားသော်လည်း အုပ်စုဖွဲ့ ၊”အသိုက်အဝန်းငယ်”ဖွဲ့စည်းရေး စည်းရုံးဆင်းရန် အားသန်ခြင်း၊ “တရုတ်ပတ်ဝန်းကျင်ကို ပြောင်းလဲမည်”ဟုသော အဆိုဖြင့် တရုတ်နိုင်ငံကို ဝန်းရံပိတ်ဆို့ရန် အာရှ-ပစိဖိတ်နိုင်ငံများကို အမေရိကန် ဗိုလ်ကျလွှမ်းမိုးရေးအာဏာ၏ “လက်သုံးခံ”အဖြစ် ရည်ရွယ်ခြင်း ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ အထူးအန္တရာယ်ရှိစေသည်မှာ အမေရိကန်သည် ဟန်ဆောင်မျက်နှာဖုံးကိုခွာချ၍ “ထိုင်ဝမ်ဖဲချပ်”၊ “တောင်တရုတ်ပင်လယ် ဖဲချပ်”ကို အကြီးအကျယ်အသုံးချ လှုံ့ဆော်နေခြင်းသည် အခြားဒေသများကို ရှုပ်ထွေးအောင် မွှေနှောက်ပြီးနောက် အာရှ-ပစိဖိတ်ဒေသကိုလည်း အလားတူဖြစ်စေရန် ကြိုးပမ်းခြင်း ဖြစ်ကြောင်း၊ “အာရှ-ပစိဖိတ် မဟာဗျူဟာ”၏ အနှစ်သာရသည် ခွာပြဲရေးမဟာဗျူဟာ၊ ထိတ်တိုက်ဖြစ်ပွားရေးလှုံ့ဆော်မှု မဟာဗျူဟာ၊ ငြိမ်းချမ်းရေးကို ဖျက်စီးသည့် မဟာဗျူဟာ ဖြစ်သည်ကို လက်တွေ့က သက်သေပြမည် ဖြစ်ပြီး ၎င်း၏မဟာဗျူဟာသည် မည်သို့ပင်လှပအောင် ထုပ်ပိုးပြောင်းလဲထားသော်လည်း နောက်ဆုံးတွင် မုချ ရှုံးနိမ့်မည့် မဟာဗျူဟာဖြစ်ကြောင်း၊ ဤဒေသရှိ ပြည်သူများက အမေရိကန်ကို ပြောကြားလိုသည်မှာ ခေတ်လွန် စစ်အေးတိုက်ပွဲဇာတ်ညွှန်း အာရှတွင် ပြန်လည်ရိုက်ကူးရန်ကြိုးပမ်းမှုမှာ လုံးဝမဖြစ်နိုင်ကြောင်း၊ ကမ္ဘာ့ ရှုပ်ထွေးမှု စစ်မက်မီးလျှံတောက်လောင်မှုများကို ဤဒေသတွင် လုံးဝ ဖြစ်ပွားခွင့်ပေးမည် မဟုတ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ (Xinhua)

—————————-
(Chinese Version)
(外事)王毅:美国“印太战略”必然是一个失败的战略
2022-05-22 22:51:38
新华社广州5月22日电(记者徐弘毅)5月22日,国务委员兼外长王毅同巴基斯坦外长比拉瓦尔在会谈后共同会见记者。
针对记者问及美国正在大力推销旨在围堵中国的所谓“印太战略”,王毅表示,美国的“印太战略”正在引发国际上尤其是亚太各国越来越多的警惕和担忧。因为这个所谓“战略”的马脚已经露出来了,不仅想抹去“亚太”的名称,抹去亚太地区行之有效的区域合作架构,还想抹去几十年来地区各国共同努力创造的和平发展成果和势头。可谓司马昭之心,路人皆知。
王毅强调,亚太人民对霸权主导的冲突对抗记忆犹新,现在追求的是国家稳定和生活幸福。亚太国家普遍不愿选边站队,主流声音是希望各国和睦相处、合作共赢。亚太地区的时代潮流是推进区域一体化,构建亚太命运共同体。面对动荡变革的世界,本地区保持了总体和平稳定,亚洲这辆发展列车率先冲出疫情阴霾,2021年GDP增速高达6.3%,这一局面来之不易,靠的是亚太国家团结一心,靠的是亚太人民辛勤耕耘。
王毅说,美国炮制出来的“印太战略”打着“自由开放”旗号,却热衷于拉帮结伙搞“小圈子”;声称要“改变中国的周边环境”,目的就是企图围堵中国,让亚太国家充当美霸权的“马前卒”。尤其危险的是,美方撕去伪装,挑动并大打“台湾牌”“南海牌”,试图把其他地区搞乱以后,再把亚太地区也搞乱。事实将证明,所谓“印太战略”本质上就是一个制造分裂的战略,就是一个煽动对抗的战略,就是一个破坏和平的战略,这个战略不管做什么包装、换什么马甲,最终必然是一个失败的战略。本地区的人民要正告美方,早已过时的冷战剧本绝不能在亚洲重演,世界上正在发生的动乱战乱,绝不容在本地区发生。(完)
图说:3月31日,国务委员兼外长王毅在安徽屯溪主持召开第三次阿富汗邻国外长会和阿富汗邻国与阿临时政府首次外长对话会。会后,王毅召开新闻发布会,介绍会议重要共识和成果并回答记者提问。 新华社记者 周牧 摄