Connect with us

Politics, Law & Military

ဝန်ကြီး သုံးဦးကို ပြည်ထောင်စု ဝန်ကြီးပူးတွဲ တာဝန် ထမ်းဆောင်ရန် ကြေညာချက် ထုတ်ပြန်

ပြည်ထောင်စု ဝန်ကြီးပူးတွဲ တာဝန် ထမ်းဆောင်ရန် ကြေညာချက် (ဓာတ်ပုံ- MOI)

ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

ပြည်ထောင်စု ဝန်ကြီး သုံးဦးဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ ဦးဉာဏ်ထွန်းအောင်၊ ဦးဇေယျာအောင် တို့ကို ပြည်ထောင်စု ဝန်ကြီးတာဝန် ပူးတွဲ ထမ်းဆောင်ရန် နိုင်ငံတော် သမ္မတရုံးမှ သြဂုတ်လ ၁၄ ရက် နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကြေညာချက်ထဲတွင် ပြည်ထဲရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို အား လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ဝန်ကြီး ဌာန အား ပြည်ထောင်စု ဝန်ကြီး တာဝန် ၊ ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဉာဏ်ထွန်းအောင်အား ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး တာဝန် နှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဇေယျာအောင်အား ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး တာဝန်စသည်ဖြင့် ပူးတွဲ တာဝန် များ အသီးသီး ထမ်းဆောင်ရန် ကြေညာချက် ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117