Connect with us

Europe

ရိုမေးနီးယားတွင် ယူရိုငွေ ၂.၈သန်း တန်ဖိုးရှိသည့် တရားမဝင်စီးကရက်များ ဖမ်းမိ

ရိုမေးနီးယားတွင် ဖမ်းဆီးရမိခဲ့သည့် မှောင်ခိုတင်သွင်းလာသောစီးကရက်များအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဘူခါရက်၊ မတ် ၁၄ ရက် (ဆင်ဟွာ)

ရိုမေးနီးယားနိုင်ငံ အကောက်ခွန်အာဏာပိုင်များက တောင်ပိုင်း Constanta ဆိပ်ကမ်းတွင် မတ်လ ၁၃ရက်က မှောင်ခိုတင်သွင်းလာသည့် စီးကရက် အတောင့် ၇၀၀,၀၀၀ အား ဖမ်းဆီးရမိခဲ့ကြောင်း အကောက်ခွန်ညွှန်ကြားရေးမှူးချုပ် က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

Gold Mount နှင့် Richman တံဆိပ်အမှတ်အသားပါရှိသော ယင်းစီးကရက်များသည် ဈေးကွက်တန်ဖိုးအရ ယူရိုငွေ ၂.၈သန်းနီးပါး (အမေရိကန်ဒေါ်လာ ၂.၉၉သန်း) တန်ဖိုးရှိကြောင်း နှင့် လေးနှစ်တာကာလအတွင်း တန်ဖိုးအများဆုံး မှောင်ခိုစီးကရက်များ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။

အာဏာပိုင်များ၏ပြောကြားချက်အရ သေတ္တာများအတွင်းထည့်သွင်းလာသော စီးကရက်များတွင် သတ်မှတ်ထားသည့်တံဆိပ်များမပါရှိဘဲ ယင်းစီးကရက်များအား ထိုင်းနိုင်ငံမှ သင်္ဘောတစ်စီး၏ ကုန်သေတ္တာတစ်ခုဖြင့် တရားမဝင်သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

အကောက်ခွန်အာဏာပိုင်များက မှောင်ခိုစီးကရက်များသည် Gold Mount နှင့် Richman တံဆိပ်တို့၏ မူပိုင်ခွင့်များကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

Constanta ဆိပ်ကမ်းသည် ရိုမေးနီးယားနိုင်ငံ၏ တစ်ခုတည်းသော ပင်လယ်သို့ထွက်ပေါက်ဖြစ်ပြီး ပင်လယ်နက် နှင့် ဥရောပတိုက်တို့၏ အကြီးဆုံးသော ဆိပ်ကမ်းများအနက် တစ်ခုဖြစ်သည့် အပြင် မူးယစ်ဆေးဝါး နှင့် စီးကရက်များမှောင်ခိုတင်သွင်းရာ အဓိက ဆိပ်ကမ်းတစ်ခုလည်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.