Connect with us

Politics, Law & Military

တရား လွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုတွင် ပါဝင်သူများအား ရန်ကုန် မြောက်ပိုင်း ခရိုင် တရားရုံး၌ စတင် ရုံးထုတ်

မြောက်ပိုင်းခရိုင်တရားရုံး၌ အစောင့်အကြပ်များအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၁၇ ရက်(ဆင်ဟွာ)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)၏ ဥပဒေ အကြံပေး တရားလွှတ်တော် ရှေ ့နေ ဦးကိုနီ လုပ်ကြံခံရမှုတွင် ပါဝင်သူ ကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းနှင့် ဇေယျာဖြိုးတို့ အား ယနေ့မတ် ၁၇ ရက်တွင် ရန်ကုန်မြို့၊ မြောက်ပိုင်း ခရိုင် တရားရုံး၌ စတင် ရုံးထုတ်ခဲ့ကြောင်း သိရသည်။

ဦးကိုနီ လုပ်ကြံခံရမှုတွင် ပါဝင်သူ ၄ ဦးအား စတင် ရုံးထုတ်ခဲ့သော်လည်း ၎င်းတို့အနက် ၂ ဦးမှာ ရှေ့နေ ပါဝါ မတင်ထားသည့် အတွက် ယနေ့တွင် စစ်ဆေး၍ မရသေးဘဲ လာမည့် အပတ် သောကြာနေ့(မတ် ၂၄ ရက်)သို့ပြန်လည် ချိန်းထားကြောင်း မြောက်ပိုင်း ခရိုင် တရားရုံးသို့လာရောက် လေ့လာခဲ့သည့် တရားလွှတ်တော် ရှေ့နေ ဦးမျိုးမင်းဦးက သတင်းမီဒီယာများအား ပြောကြားခဲ့သည်။

ဦးကိုနီ လုပ်ကြံခံရမှုတွင် ပါဝင်သူများအား မြောက်ပိုင်း ခရိုင် တရားရုံး၌ ရုံးထုတ်လာစဉ်(ဆင်ဟွာ)

ဦးကိုနီ လုပ်ကြံခံရမှုတွင် ပါဝင်သူများအား အရေးယူ ဆောင်ရွက်မှု အနေဖြင့် ကြည်လင်း(ခ)ဖိုးထူးအား ရာဇသတ်ကြီး ပုဒ်မ ၃၀၂(၁) ၊ လက်နက် ဥပဒေ ပုဒ်မ ၁၉(စ) ၊ လဝကအက် ၁၃(၁) ဖြင့်လည်းကောင်း ၊ အောင်ဝင်းဇော်အား ရာဇသတ်ကြီး ပုဒ်မ ၃၀၂(၁) ၊ လက်နက် ဥပဒေ ပုဒ်မ ၁၉(စ) ဖြင့် လည်းကောင်း ၊ ဇေယျာဖြိုးအား ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ ၊ ရာဇသတ်ကြီး ပုဒ်မ ၄၂၀/၄၆၈ ဖြင့်လည်းကောင်း ၊ အောင်ဝင်းခိုင်အား ရာဇသတ်ကြီး ပုဒ်မ ၃၀၂ တို့အရ မှုခင်း ရဲတပ်ဖွဲ့မှ တရားစွဲ တင်ပို့ရန် စီစဉ်လျက် ရှိကြောင်း ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြည်ထဲရေး ဝန်ကြီးဌာနမှ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားထားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)၏ ဥပဒေ အကြံပေး ဦးကိုနီသည် ဇန်နဝါရီ ၂၉ ရက်တွင် အင်ဒိုနီးရှား နိုင်ငံ လေ့လာရေး ခရီးမှ အပြန် ရန်ကုန်လေဆိပ်သို့ရောက်ရှိစဉ် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117