Connect with us

Culture & Entertainment

ရွှေတိဂုံစေတီတော်အား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရန် အဆိုပြုစာရင်းတင်ထား

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ ၂၉ ရက်တွင် ရိုက်ကူးထားသော ရွှေတိဂုံစေတီတော်အား ဖူးတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင် တည်ရှိသော ရွှေတိဂုံစေတီတော်အား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရန် အဆိုပြုစာရင်းတင်ထားကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန မှ ညွှန်ကြားရေးမှူး ဦးအာကာကျော်က ဆင်ဟွာသို့ ယနေ့ ဇွန် ၂၄ ရက်တွင် ပြောသည်။

ဦးအာကာကျော်က “ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ဖို့အတွက် နှစ်စဉ် ဦးစားပေးအလိုက်တင်သွင်းမယ့် စာရင်းထဲမှာ ဦးစားပေးစာရင်းအနေနဲ့ ပါရှိပါတယ်’’ ဟုပြောသည်။
ရွှေတိဂုံ စေတီတော်သည် ယူနက်စကို (UNESCO) မှ သတ်မှတ်ထားသော အချက်များ နှင့် ကိုက်ညီမှုရှိကြောင်း သိရသည်။

ဦးအာကာကျော်က “ကျွန်တော်တို့ ဝန်ကြီးဌာနမှာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရန် အဆိုပြုစာရင်း တင်သွင်းခြင်းဆိုတဲ့ Subject တစ်ခု ရှိပါတယ်။ ရှေးဟောင်းသုတေသန နဲ့ အမျိုးသားပြတိုက်ဦးစီးဌာနက မြန်မာနိုင်ငံထဲမှာ ရှိတဲ့ ကမ္ဘာ့ အမွေအနှစ် စံသတ်မှတ်ချက်တွေနဲ့လည်းကိုက်ညီမှုရှိတဲ့ ယဉ်ကျေးမှုအမွေအနှစ်တန်ဖိုး မြင့်မားတဲ့ ဒေသတွေ အမွေအနှစ်စာရင်းဝင်ဖြစ်ဖို့ အဆိုပြုစာရင်းတင်သွင်းပါတယ်။ ဒီလို ရှိတဲ့အထဲမှာမှ ကမ္ဘာက စိတ်ဝင်တစား လာရောက်လည်ပတ်တဲ့ ဒေသတွေလည်းရှိတယ်။ ၁၉၉၆ ခုနှစ်ကတည်းကကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းခြင်း လုပ်ငန်းစဉ်ကို ကျွန်တော်တို့ စတင်ဆောင်ရွက်ခဲ့ပါတယ်’’ ဟု ပြောသည်။

မြန်မာနိုင်ငံမှာ ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ် ၂၀၁၄ ခုနှစ်က ပျူ၊ ဟန်လင်း ၊ ဗိဿနိုး စသည့် မြို့ဟောင်းသုံးခု နှင့် ၂၀၁၉ ခုနှစ်တွင် ပုဂံဒေသကို အတည်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ရခိုင်ပြည်နယ် မြောက်ဦးဒေသကို လည်း ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရန် ၂၀၁၆ ခုနှစ်က ဆောင်ရွက်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက တင်ပြခဲ့ပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117