Connect with us

Environment, Disasters & Accidents

ဧရာဝတီမြစ်ရေသည် မန္တလေးဆိပ်ကမ်း၌ လာမည့်ရက်များအတွင်း လက်ရှိမြစ်ရေအမှတ်ထက် ၂ ပေ မှ ၄ ပေအထိ ခန့်အထိမြင့်တက် လာနိုင်

၂၀၂၀ပြည့်နှစ် ၊ဇူလိုင်လတွင် ညောင်ဦးမြို့နယ်၌ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ရောက်ရှိရန် တဖြည်းဖြည်း နီးကပ်လာမှုအားတွေ့ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

ဧရာဝတီမြစ်ရေသည် မန္တလေးဆိပ်ကမ်း၌ လာမည့်ရက်များအတွင်း ခန့်မှန်းချက်များအရ လက်ရှိမြစ်ရေအမှတ်ထက် ၂ ပေ မှ ၄ ပေခန့်အထိမြင့်တက် လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ အထက်မြန်မာပြည်ဌာနခွဲ(မန္တလေး) ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ဆင်ဟွာသို့ ယနေ့ ဇွန် ၂၄ ရက်တွင် ပြောသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂၄.၆.၂၀၂၂) ရက်နေ့တွင် ထုတ်ပြန်သည့် နေ့စဉ်မြစ်ရေခန့်မှန်းချက်ပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ-မိုးဇလ)

ဦးကျော်လွင်ဦးက “ပုံမှန်ဆိုရင်တော့ ဧရာဝတီမြစ်ရေက ဇူလိုင်လလယ်လောက်မှ စိုးရိမ်ရေမှတ်ရောက်တတ်ပါတယ်။မိုးလယ်ကာလ မြန်မာနိုင်ငံမြောက်ပိုင်း ရေဦးရေဖျားဒေသတွေမှာ မိုးသည်းထန်စေမယ့် မုတ်သုံလေဖိအားနည်းစနစ်တွေဆက်လက်ဖြစ်နိုင်သေးတဲ့အတွက် ဒီနှစ်အတွက် မြစ်ရေကြီးမှုဘေးအန္တရာယ်ကို အထူးသတိပြုသင့်ပါတယ်လို့တင်ပြချင်ပါတယ်’’ ဟုပြောသည်။

ဧရာဝတီမြစ်ရေအခြေအနေများအနေဖြင့် မန္တလေးတိုင်းဒေသကြီး၊သပိတ်ကျင်းမြို့၌ ဇွန်လ(၂၄)ရက်နေ့ နေ့လည်၁၂နာရီခွဲအချိန်တွင် ၁၄၃၂စင်တီမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေမှတ်ရောက်ရှိရန် (၁.၅၇)ပေခန့်မှာရှိနေကြောင်း ၊လာမည့်(၂၄)နာရီအတွင်း (၃)စင်တီမီတာခန့်ကျဆင်းနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဌာနမှ ထုတ်ပြန်ထားကြောင်း ၎င်းကဆိုသည်။

“ထို့အတူပဲ မန္တလေးမြို့မှာ ဒီနေ့နေ့လယ် (၁၂)နာရီခွဲအချိန်မှာ မြစ်ရေမှတ် ၁၁၆၇စင်တီမီတာကိုရောက်ရှိနေပြီး စိုးရိမ်ရေမှတ်ရောက်ဖို့ ၃.၀၅ပေခန့်မှာ ရှိနေပါတယ်၊ နောက်၂၄နာရီအတွင်းပေဝက်ခန့်ဆက်တက်လာနိုင်ပါတယ်။ ညောင်ဦးမြို့မှာလည်း နေ့လည်၁၂နာရီခွဲအချိန် တိုင်းထွာချက်အရ မြစ်ရေမှတ် ၁၉၇၅စင်တီမီတာကို ရောက်ရှိနေပြီး စိုးရိမ်ရေမှတ်ရောက်ဖို့ ၄.၇၅ပေမှာရှိနေပါတယ်။’’ ဟု ဦးကျော်လွင်ဦးက ဆက်ပြောသည်။

ထို့ပြင် ဒုဌဝတီမြစ်ရေသည် မြစ်ငယ်မြို့၌ ယနေ့ ဇွန် ၂၄ ရက် နေ့လယ်ပိုင်းတွင် ၇၇၈ စင်တီမီတာဖြစ်ပြီး စိုးရိမ်ရေမှတ်သို့ ရောက်ရှိရန် ၃.၀၁ပေမှာရှိနေကြောင်း သိရသည်။ဇွန် ၂၃ ရက် မနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေဟာ မန္တလေးဆိပ်ကမ်းမှာ ၁၁၃၃ စင်မီတာအထိရောက်ရှိနေပြီး တစ်ပတ်အတွင်း ၂၀၄ စင်တီမီတာအထိ မြင့်တက်လာခြင်း ဖြစ်ကြောင်း သိရသည်။ မန္တလေး ဆိပ်ကမ်း၏ စိုးရိမ်ရေမှတ်သည် ၁၂၆၀ စင်တီမီတာဖြစ်ပြီး လက်ရှိရေမှတ်သည် စိုးရိမ်ရေမှတ်ရောက်ရှိရန် ၁၂၇ စင်တီမီတာသာ လိုကြောင်း၊ လက်ရှိတွင် ဧရာဝတီမြစ်ရေသည် မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ ၊ ညောင်ဦးမြို့ နှင့် သပိတ်ကျင်းမြို့တို့တွင် မြင့်တက်လျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့မိုးဇလစခန်း‌တွေအနေနဲ့ မြစ်ရေတိုင်းထွာချက်တွေကို ကြိုတင်သတိပေးချက်၊ခန့်မှန်းချက်တွေထုတ်ပြန်နိုင်ဖို့ရုံးချုပ်ကိုပေးပို့နေသလို သက်ဆိုင်ရာဒေသအလိုက်လည်း မြစ်ရေအခြေအနေများ ပေးပို့တင်ပြလျက်ရှိပါတယ်ခင်ဗျာ။’’ ဟု ဦးကျော်လွင်က ဆက်ပြောသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117