Connect with us

Media

မိုးသည်းထန်စွာရွာသွန်းခဲ့သော်လည်း ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် လုံမာန်လှိုဏ်ဂူ ပကတိအတိုင်းတည်ရှိနေ

ဟဲနန်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

လွန်ခဲ့သောရက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့သော်လည်း တရုတ်နိုင်ငံအလယ်ပိုင်း ဟဲနန်ပြည်နယ်ရှိ ကမ္ဘာရှေးဟောင်းအမွေအနှစ်နယ်မြေ လုံမာန်လှိုဏ်ဂူမှာ ရေလွှမ်းမိုးမှုဒဏ်ခံရခြင်းမရှိဘဲ ပကတိအတိုင်းတည်ရှိနေကြောင်း သိရသည်။

မိုးအဆက်မပြတ်ရွာသွန်းခဲ့သော်လည်း လုံမာန်လှိုဏ်ဂူအတွင်းရှိ ရှေးဟောင်း အမွေအနစ်များမှာမူ တစ်စုံတစ်ရာ ထိခိုက်ပျက်စီးမှုမရှိကြောင်း နယ်မြေထိမ်းသိမ်းရေးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ လှိုဏ်ဂူအတွင်း ရေအိုင်ခြင်းနှင့် ရေလျှံခြင်းများ မရှိဘဲ အချို့နေရာများတွင် ရေစိမ့်မှုများသာ ဖြစ်ပွားခဲ့ကြောင်း နှင့် ဆင်းတုတော် ရုပ်ထုများမှာ ဘေးကင်းလုံခြုံစွာရှိနေကြောင်းသိရသည်။