Connect with us

Media

အီရတ်နိုင်ငံက ဖေဖော်ဝါရီလအတွင်းရေနံစိမ်း စည်ပေါင်း ၉၃ သန်း တင်ပို့နိုင်ခဲ့

ဘဂ္ဂဒတ်၊ မတ် ၃ ရက် (ဆင်ဟွာ)
အီရတ်နိုင်ငံက ဖေဖော်ဝါရီလအတွင်းရေနံစိမ်းစည်ပေါင်း ၉၂.၇၉ သန်းကို ပြည်ပသို့တင်ပို့နိုင်ခဲ့ပြီးနိုင်ငံ အတွက် ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ ၈.၅၄ ဘီလီယံ ကျော် ရရှိခဲ့ကြောင်း အီရတ်နိုင်ငံ ရေနံဝန်ကြီးဌာနက မတ် ၁ ရက်တွင်သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါလတွင်ရောင်းချခဲ့ရသည့်ရေနံစိမ်းတစ်စည် ၏ ပျမ်းမျှတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၉၂.၀၈ ဒေါ်လာကျော်ရရှိခဲ့ကြောင်း ရေနံစျေးကွက်ရှာဖွေရေးအဖွဲ့ အစည်းများ၏ စာရင်းအင်းများကို ကိုးကား၍ ဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အီရတ်အလယ်ပိုင်းနှင့် တောင်ပိုင်းရှိ ရေနံတွင်းများမှ ထွက်ရှိသည့်ရေနံစိမ်း စည် စုစုပေါင်း ၉၁.၃၁ သန်းကို Basra ဆိပ်ကမ်းမှတစ်ဆင့် တင်ပို့ခဲ့ပြီး အီရတ်နိုင်ငံမြောက်ပိုင်း Kirkuk ပြည်နယ်မှ ထွက်ရှိသည့် ရေနံစိမ်း စည်ပေါင်း ၁.၄၇ သန်းကို မြေထဲပင်လယ်ရှိ တူရကီနိုင်ငံ၏ ဆိပ်ကမ်း Ceyhan မှ တစ်ဆင့် တင်ပို့ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အီရတ်သည် လစဉ် ရေနံစိမ်း စည်ပေါင်း သန်း ၁၀၀ ကျော်ကို တင်ပို့နေသော်လည်း OPEC Plus ၏ ရေနံထုတ်လုပ်မှုကို ဖြတ်တောက်ရန် သဘောတူညီချက်နှင့်အတူ COVID-19 ကပ်ရောဂါကြောင့် ရေနံစျေးနှုန်းများ ကျဆင်းမှုကလည်း နိုင်ငံ၏ ရေနံတင်ပို့မှုများကို လျော့နည်းစေခဲ့သည်။
အီရတ်နိုင်ငံ၏ စီးပွားရေးသည် ရေနံစိမ်းတင်ပို့မှုများအပေါ် ကြီးမားစွာ မှီခိုနေရပြီး နိုင်ငံ၏ ၀င်ငွေ၏ ၉၀ ရာခိုင်နှုန်းကျော်မှာရေနံစိမ်းတင်ပို့မှုမှရရှိခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)
…………………
(English Version)

Iraq exports 93 mln barrels of crude oil in Feb.

BAGHDAD, March 1 (Xinhua) — Iraq exported 92.79 million barrels of crude oil in February, bringing in revenues of more than 8.54 billion U.S. dollars, the Iraqi oil ministry said on Tuesday.
The average selling price for crude oil in the month was more than 92.08 dollars per barrel, according to a ministry statement, citing statistics from the State Organization for Marketing of Oil.
A total of 91.31 million barrels were exported from oil fields in central and southern Iraq via the Port of Basra, and about 1.47 million barrels from the northern province of Kirkuk via the Turkish port of Ceyhan on the Mediterranean, the statement said.
Iraq used to export more than 100 million barrels monthly, but the OPEC Plus agreement to cut oil production and a dip in oil prices due to the COVID-19 pandemic have merged to cause a decline in the country’s oil exports.
Iraq’s economy heavily relies on crude oil exports, which account for more than 90 percent of the country’s revenues. Enditem