Connect with us

Media

ဒမတ်စကပ်စ်လေဆိပ်အား အစ္စရေးလေကြောင်းတိုက်ခိုက်မှုတွင် အရပ်သားများ သေဆုံးမှုရှိ

ဒမတ်စကပ်စ်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

အစ္စရေးနိုင်ငံက ဒမတ်စကပ်စ်နှင့် အလက်ပိုရှိ လေဆိပ်များကို အောက်တိုဘာ ၂၂ ရက် အစောပိုင်းက ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ဒမတ်စကပ်စ်တွင် အလုပ်လုပ်နေသော အရပ်သားတစ်ဦး သေဆုံးခဲ့ပြီး အခြားသူများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဆီးရီးယားနိုင်ငံက ပြောကြားခဲ့သည်။

အဆိုပါ လေဆိပ်နှစ်ခု တိုက်ခိုက်ခံရမှုကြောင့် ပြေးလမ်းများ လုံးဝပျက်စီးသွားခဲ့ကာ လုပ်ငန်းလည်ပတ်မှု ရပ်နားခဲ့ရကြောင်း ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၂ ရက် ညပိုင်း ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

“ဒီကျူးကျော်မှုက အစ္စရေးရဲ့ ထင်ရာစိုင်းမှုနဲ့ ရှုံးနိမ့်မှုကို ရှင်းရှင်းလင်းလင်း ဖော်ပြနေကြောင်း” ထုတ်ပြန်ချက်၌ ဖော်ပြထားသလို ထိုသို့တိုက်ခိုက်မှုများက အစ္စရေးအနေဖြင့် ဆီးရီးယား၏ ကြံ့ကြံ့ခံနိုင်မှုနှင့် ပါလက်စတိုင်းအပေါ် ထောက်ခံမှုလျော့ပါးစေရန် နောက်ထပ်ကြိုးပမ်းမှုများဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ယခုအကြိမ် အစ္စရေးလေကြောင်းတိုက်ခိုက်မှုမှာ ဒမတ်စကပ်ပ်လေဆိပ်အား ယခုလအတွင်း ဒုတိယမြောက်ဖြစ်သလို အလက်ပိုလေဆိပ်ကိုမူ တတိယအကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Civilian killed in Israeli missile attack on Damascus airport: Syrian ministry
DAMASCUS, Oct. 22 (Xinhua) — Syria said Israel launched missile attacks on the Damascus and Aleppo airports early on Sunday, leaving one civilian worker at the Damascus airport dead and another severely injured.
The two airports halted operations due to the attacks’ “significant” damage to the runways, the Syrian Foreign Ministry said in a statement on Sunday night.
“The aggression was a clear indicator of Israel’s desperation and failure,” the statement said, claiming that the attacks were another attempt by Israel to undermine Syria’s resilience and its support for the Palestinian cause.
This is the second time this month that Damascus airport came under Israeli strikes and the third time for Aleppo airport.