Connect with us

Media

အီဂျစ်က ရာဖာနယ်စပ်ဂိတ်မှတစ်ဆင့် ဒဏ်ရာရဂါဇာပြည်သူများ၊ နိုင်ငံခြားပတ်စပို့ကိုင်ဆောင်ထားသူများကို လက်ခံ

ရာဖာ၊ အီဂျစ်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)

အီဂျစ်နိုင်ငံက ပိတ်ဆို့ခံဂါဇာကမ်းမြောင်ဒေသမှ ဒဏ်ရာရပါလက်စတိုင်းပြည်သူများနှင့် နိုင်ငံခြားပတ်စပို့ကိုင်ဆောင်ထားသူများကို အီဂျစ်နှင့် ဂါဇာဒေသကြား တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည့် ရာဖာနယ်စပ်ဂိတ်မှတစ်ဆင့် နိုဝင်ဘာ ၁ ရက်က လက်ခံခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

နိုင်ငံခြားပတ်စပို့ကိုင်ဆောင်ထားသူ ၂၂၅ ခန့် ဂါဇာကမ်းမြောင်ဒေသမှ အီဂျစ်နိုင်ငံအတွင်းသို့ ဖြတ်သန်းလာခဲ့ကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ်က ဆိုသည်။ ၎င်းတို့အနက်အများစုမှာ ဂျော်ဒန်နိုင်ငံမှဖြစ်ကာ မြေထဲပင်လယ်ကမ်းရိုးတန်း၊ ဆိုင်းနိုင်းကျွန်းဆွယ်ပေါ်ရှိ အကြီးဆုံးဖြစ်သော အာရစ်ရှ်မြို့သို့ ဘတ်စ်ကားဖြင့် ထွက်ခွာလျက်ရှိကြောင်း အထက်ပါ သတင်းရင်းမြစ်က ဖြည့်စွက်ပြောခဲ့သည်။

ထို့ပြင် ဂါဇာဒေသမှ ဒဏ်ရာရ ပါလက်စတိုင်း ၁၅ ဦးသည် မိသားစုဝင် ၁၂ ဦးနှင့်အတူ အီဂျစ်နိုင်ငံတွင် ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

စုစုပေါင်း ဒဏ်ရာရသူ ၈၁ ဦးသည် ပထမအသုတ်အဖြစ် နိုဝင်ဘာ ၁ ရက်က အီဂျစ်နိုင်ငံသို့ ဝင်ရောက်ရန် ထောက်ခံချက်ရရှိထားခဲ့သော်လည်း ၎င်းတို့အနက် ၁၀ ဦးမှာ ဂါဇာမှမထွက်ခွာမီကပင် သေဆုံးသွားကြောင်း သိရသည်။ ယခုအကြိမ်သည် ယခင်လက ပဋိပက္ခများစတင်ဖြစ်ပွားချိန်မှစ၍ ဒဏ်ရာရသူများနှင့် နိုင်ငံခြားပတ်စပို့ကိုင်ဆောင်ထားသူများအား ဂါဇာဒေသမှထွက်ခွာခွင့်ရသည့် ပထမဆုံးအကြိမ်ဖြစ်သည်။ ထို့ပြင် ဂါဇာကမ်းမြောင်ဒေသမှ ဒဏ်ရာရပါလက်စတိုင်းများကို လွှဲပြောင်းရန် ရာဖာနယ်စပ်ဂိတ် အီဂျစ်နိုင်ငံဘက်ခြမ်းမှတစ်ဆင့် လူနာတင်ကား အစီးရေ ၄၀ ဖြတ်သန်းသွားပြီဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောခဲ့သည်။ (Xinhua)

…………………………
(English Version)
Egypt receives wounded Gazans, foreign passport holders through Rafah crossing
RAFAH, Egypt, Nov. 1 (Xinhua) — Egypt received on Wednesday wounded Palestinians and foreign passport holders from the besieged Gaza Strip via the Rafah crossing, the only linking point between Egypt and the enclave, a local source told Xinhua.
Some 225 foreign passport holders crossed from the Gaza Strip into Egypt, said the source who asked to remain anonymous, adding that most of them were from Jordan and were heading by bus to the Arish city, the largest city on the Sinai Peninsula, lying on the Mediterranean coast.
Meanwhile, 15 wounded Palestinians from Gaza arrived in Egypt earlier along with 12 family members, the source added.
A total of 81 wounded were supposed to enter Egypt on Wednesday as the first batch, but ten passed away before leaving Gaza.
This is the first time that the Rafah crossing has been opened for the exit of the wounded and those holding foreign passports from Gaza since the conflict started last month.
Forty ambulances passed through the Egyptian side of Rafah crossing in the morning to transfer the wounded Palestinians from the strip, the source said.