Connect with us

Media

တရုတ်နိုင်ငံက ကမ္ဘာ့အကြီးဆုံး ဘောလုံးနိုင်ငံ ဖြစ်လာနိုင်ကြောင်း ပက်ထရစ်အီဗရာ ပြောကြား

လစ်စဘွန်း ၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)
မန်ချက်စတာယူနိုက်တက် ဘောလုံးကြယ်ပွင့်ဟောင်း ပက်ထရစ်အီဗရာက တရုတ်နိုင်ငံသည် အနာဂတ်တွင် ကမ္ဘာ့အကြီးဆုံး ဘောလုံးနိုင်ငံ ဖြစ်လာနိုင်ဖွယ် ရှိကြောင်း ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံက ဒါကို တကယ်အာရုံစိုက်ပြီးတော့ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ဘောလုံးအားကစားမှာ အကြီးကျယ်ဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်လာမယ်လို့ ကျွန်တော်ထင်ပါတယ်”ဟု အသက် ၄၁ နှစ်အရွယ်ရှိသူ ပက်ထရစ်အီဗရာက လစ်စဘွန်းမြို့၌ နိုဝင်ဘာ ၁ ရက်မှ ၄ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့အကြီးဆုံး နည်းပညာညီလာခံများအနက် တစ်ခုဖြစ်သည့် Web ညီလာခံကျင်းပစဉ်ဆင်ဟွာနှင့် သီးသန့်တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် နိုဝင်ဘာ ၂၀ ရက်မှ ဒီဇင်ဘာ ၁၈ ရက်အထိ ယှဉ်ပြိုင်ကစားကြမည့် ဖီဖာကမ္ဘာ့ဖလားကာတာ ၂၀၂၂ အတွက် အရည်အချင်းမပြည့်မီသော်လည်း အီဗရာက တရုတ်ကစားသမားများ၏ ရေရှည်စွမ်းဆောင်ရည် နှင့် စွမ်းရည်များနှင့်ပတ်သက်၍ အကောင်းမြင်ကြောင်း ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံနဲ့ ယှဉ်ပြိုင်ရတဲ့ ပွဲတွေ အများကြီး ကျွန်တော်ကစားခဲ့ပြီး အဲဒါက ခက်ခဲခဲ့ပါတယ်။ ၂၀၁၀ ကမ္ဘာ့ဖလားတုန်းကဆိုရင် ကျွန်တော်တို့ဟာ တရုတ်နိုင်ငံနဲ့ ချစ်ကြည်ရေးပွဲစဉ် ကစားခဲ့ပြီးတော့ ရှုံးခဲ့ပါတယ်။ ဒါကြောင့် သူတို့ဟာ ကစားသမားတွေ ရရှိခဲ့ပြီးတော့ သူတို့က ကျွန်တော့်ကို ယုံကြတယ်။ ဘယ်လိုယှဉ်ပြိုင်ရမယ်ဆိုတာ သူတို့သိတယ်။ တရုတ်နိုင်ငံနဲ့ ကစားဖို့ တကယ်ကို ခက်ခဲပါတယ်။ အဲဒါကို အသုံးပြုပြီးတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ ။ သူတို့ဟာ အစိုးရရဲ့ ပံ့ပိုးမှု ရှိပေမဲ့ ပရိသတ်တွေနဲ့ ပြည်သူတွေရဲ့ အားပေးထောက်ခံမှု ရှိဖို့ လိုနေပါသေးတယ်။ ဒါပေမဲ့ သူတို့ဟာ တကယ်အာရုံစိုက်ပြီးတော့ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် တရုတ်နိုင်ငံက ဘောလုံးမှာ အကြီးကျယ်ဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်လာမယ်လို့ ကျွန်တော်ထင်တယ်။ ဒါက စွန့်လွှတ်အနစ်နာခံမှုတွေ အများကြီး ရှိပါတယ်။ တစ်ရက်ထဲ လုပ်သွားဖို့ မဟုတ်ပါဘူး ။ ဒါကို ယုံကြည်တယ်ဆိုရင် သူတို့မှာ လုပ်ဆောင်ဖို့ အခွင့်အလမ်းရှိမှာ အသေအချာပါပဲ” ဟု ဘောလုံးကစားသမားဟောင်း နှင့် စီးပွားရေးလုပ်ငန်းရှင် ပက်ထရစ်အီဗရာက ပြောကြားခဲ့သည်။ (Xinhua)

……………………………………….

(English Version)

China can “become world’s biggest football nation”: Patrice Evra

Former Manchester United football star Patrice Evra said China could likely become “the world’s biggest football nation” in the future.

In an exclusive interview on the sidelines of Web Summit, one of the world’s largest technology conferences which took place in Lisbon on November 1-4, the 41-year-old told Xinhua: “I think China can be one of the greatest nations of football if they really focus on it and invest in it.
Although China did not qualify for the upcoming FIFA World Cup Qatar 2022, which will be played from November 20 to December 18, Evra said he was optimistic about the long-term performance and skills of the Chinese players.

SOUNDBITE 1 (English): PATRICE EVRA, Former football player and entrepreneur

“I played many games against China, and it was tough. Even like the World Cup 2010, we had a friendly game against China and we lost. So they got players and they trust me. They know how to run. It’s really difficult to play against China. So use that, use that and believe in yourself. But you have to make sure because they have the support of the government but they need also to have the support of the fans and the people. But I think China can be one of the greatest nations of football, if they really focus on it and invest. It’s a lot of sacrifice, you are not going to do it in one day, but if they believe in it, they definitely have the chance to do it.”

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.