Connect with us

Media

Multispectral နည်းပညာသုံး ဒရုန်းယာဉ်များက တရုတ်နိုင်ငံ၏နွေဦးရာသီ စိုက်ပျိုးရေးကို ပိုမို ထိရောက်မှု ရှိစေ

အန်းယန်၊ မတ် ၁၁ ရက် (ဆင်ဟွာ)

နွေဦးရာသီကာလတွင် စိမ်းလန်းစိုပြေနေသော ဂျုံစိုက်ခင်းများကို မျက်စိတဆုံးရှုမြင်နိုင်သည်။ လယ်ယာသိပ္ပံနည်းပညာ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ နွေဦးရာသီ စိုက်ပျိုးထွန်ယက်မှုများ စီမံခန့်ခွဲရာ၌ မောင်းသူမဲ့ ဒရုန်းယာဉ် အသုံးပြုမှုများပြားလာသည်။

တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် အန်းယန်မြို့ ဟွာခရိုင်တွင် Multispectralနည်းပညာသုံး ဒရုန်းယာဉ်အသစ်များက ယင်းဒေသ နွေဦးရာသီ လယ်ယာကဏ္ဍ စီမံခန့်ခွဲမှုတွင် ပွဲဦးထွက် အသုံးပြုပြီး စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများကို ပံ့ပိုးခဲ့သည်။ နည်းပညာအသစ်ဖြစ်သော Multispectral နည်းပညာသုံး မောင်းသူမဲ့ဒရုန်းယာဉ်များက နွေဦးရာသီ စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများအတွက် ပိုမို တိကျ၊ ထိရောက်မှုရှိစေရာ စားနပ်ရိက္ခာ ထပ်တိုးထုတ်လုပ်မှုနှင့် စိုက်ပျိုးရေးထိရောက်မှုကို မြှင့်တင်ခဲ့သည်။

ဟဲနန်ပြည်နယ် အန်းယန်မြို့ ဟွာခရိုင် လျိုကူမြို့နယ်တွင် ဂျုံပင်များ ရွက်နုထွက်ချိန်ဖြစ်ရာ ဂျုံပင်လေးများ၏ ပိုးမွှားအန္တရာယ် ကာကွယ်ရန်နှင့် အပင်ကျန်းမာသန်စွမ်းရန် စိုက်ပျိုးရေးသမားများက ဒရုန်းယာဉ်များ သုံးပြီး ဂျုံခင်းများတွင် ပိုးသတ်ဆေးဖျန်းခြင်း၊ မြေဩဇာကျွေးခြင်းများ ပြုလုပ်ကြသည်။
ယခင်ဒရုန်းယာဉ်အသုံးပြုမှုနှင့်ကွာခြားမှုမှာ ယင်းဒေသ၌ Multispectralနည်းပညာ ဒရုန်းယာဉ်များကို ပထမဆုံး သုံးစွဲခြင်း ဖြစ်သည်။ (Xinhua)

………………………………………
(Chinese Version)
河南:多光谱无人机让春耕生产更高效

【解说】春天的中原大地,绿油油的麦田一望无际,生机盎然。随着农业科技的发展,越来越多的无人机应用到春耕春管的生产中。在河南省安阳市滑县,配备多光谱技术的新型无人机首次亮相于当地的春季田间管理,助力农业生产。作为新技术手段,多光谱无人机让春耕生产更加精准高效,促进粮食增产和农业增效。
在河南省安阳市滑县留固镇,一望无际的小麦进入返青期,长势正旺。作业人员操纵多架无人机在麦田里喷药施肥,防治病虫害和促进小麦生长发育。与以往无人机飞防作业不同的是,这是当地首次使用多光谱无人机开展作业。