Connect with us

Media

တရုတ်နိုင်ငံ ထျန်းကျင်းမြို့ရှိ မိုင်းတွင်းဟောင်းကို ဂေဟစနစ်နှင့်ကိုက်ညီသော ပန်းဥယျာဉ်အဖြစ် အသွင်ပြောင်းလဲ

ထျန်းကျင်း၊ မေ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့ရှိ မိုင်းတွင်းဟောင်းတစ်ခုကို ဂေဟစနစ်၊ ပညာရေးနှင့် အပန်းဖြေနေရာအဖြစ် အသွင်ပြောင်းလဲလိုက်ပြီး ခရီးသွားဧည့်သည်များကို ဆွဲဆောင်သောနေရာတစ်ခုဖြစ်လာခဲ့သည်။

“ကျွန်တော့်ကလေးတွေက အများအားဖြင့် မြို့မှာပဲနေရကြရတာ။ သဘာဝနဲ့ထိတွေ့ဖို့အခွင့်အရေးက တော်တော်လေးရှားတယ်။ ဒါကြောင့် ဒီနေရာကိုလာရတာ ကြိုက်တယ်” ဟု ပေကျင်းမြို့မှ ခရီးသွားဧည့်သည်ဖြစ်သော Hu Zhongming က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ထျန်းကျင်းမြို့ ကျိကျိုးခရိုင်ရှိ ဖန်ဆန်းတောင်အနီးတွင်တည်ရှိသော အဆိုပါနေရာသည် အင်္ဂလန်နိုင်ငံပြီးလျှင် Eden Project ၏ ဒုတိယမြောက်စီမံကိန်းဖြစ်သည်။

အင်္ဂလန်နိုင်ငံ အနောင်တောင်ဘက်စွန်း Cornwall ခရိုင်ရှိ Eden Project သည် ဗြိတိန် သဘာဝပတ်ဝန်းကျင်ပညာရှင် Tim Smit ၏ စိတ်ကူးတစ်ခုဖြစ်သည်။

အဆိုပါ စီမံကိန်းကို ၁၉၉၀ ပြည့်လွန်နှစ်လယ်ပိုင်း၌ စတင်ခဲ့ခြင်းဖြစ်ပြီး ဂေဟစနစ်နှင့်ကိုက်ညီသော နေရာများစွာ အဖြစ်သို့ အသွင်ပြောင်းလဲခြင်းကို စတင်ဆောင်ရွက်ခဲ့သည်။ (Xinhua)

……………………………………..
Defunct mine turns into eco-friendly park in China’s Tianjin
An ecological, educational and leisure destination, which was transformed from a defunct mine in north China’s Tianjin, has become a tourist attraction.

SOUNDBITE 1 (Chinese): HU ZHONGMING, Tourist from Beijing
“My child mostly stays in the city and rarely has the opportunity to get close to nature, so we’d like to come here.”
Located near Panshan Mountain in the Jizhou District of Tianjin, the tourist attraction was the world’s second Eden project after the United Kingdom.
The Eden Project in Cornwall, in the far southwest of England, was the brainchild of British environmentalist Tim Smit.
The project began in the mid-1990s when organizers bought a large clay pit in Cornwall and began transforming it into a series of biospheres.
Xinhua News Agency correspondents reporting Tianjin, China.
(XHTV)