Connect with us

Media

တရုတ်အစိုးရမှ ကူညီပံ့ပိုးသော MisrSat II ဂြိုဟ်တုနမူနာပုံစံများအား အီဂျစ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်

ကိုင်ရို၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အစိုးရမှ အီဂျစ်နိုင်ငံသို့ ကူညီပံ့ပိုးသော MisrSat II ဂြိုဟ်တုနမူနာပုံစံများအား လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ဇွန် ၂၅ ရက်က အီဂျစ်ဂြိုဟ်တု တပ်ဆင်၊ ပေါင်းစပ်၊ စမ်းသပ်ရေး စင်တာ (AIT) တွင် ကျင်းပခဲ့သည်။ ယခုအကြိမ် လွှဲပြောင်းပေးအပ်ခြင်းသည် အီဂျစ်နိုင်ငံကို ဂြိုဟ်တပ်ဆင်စမ်းသပ်နိုင်စွမ်းရှိသော ပထမဆုံး အာဖရိကနိုင်ငံ ဖြစ်လာစေခဲ့သည်။

အီဂျစ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး လျောက်လိချန်က ယခုနှစ်သည် “ရပ်ဝန်းနှင့်ပိုးလမ်းမ”စီမံကိန်း အဆိုပြုသည့် ၁၀ နှစ်ပြည့် အခါသမယ ဖြစ်ကြောင်း ၊ အီဂျစ်သို့ ကူညီပံ့ပိုးပေးသော MisrSat II စီမံကိန်းသည် တရုတ်-အီဂျစ် “ရပ်ဝန်းနှင့်ပိုးလမ်းမ”အတူလက်တွဲတည်ဆောက်သော ပြယုဂ် နောက်ထပ်တစ်ခု ဖြစ်ရာ တရုတ်-အီဂျစ် အာကာသကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု၏ သမိုင်းမှတ်တိုင် ဖြစ်ကြောင်း၊ အီဂျစ်သည် တရုတ်နိုင်ငံ၏
နိုင်ငံတကာ ဂြိုဟ်တု ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းကို ပြည်ပသို့ လွှဲပြောင်းပေးအပ်သည့် ပထမဆုံး နိုင်ငံဖြစ်ရာ ဂြိုဟ်တု AIT စွမ်းရည် ရှိသော ပထမဆုံး အာဖရိကနိုင်ငံဖြစ်လာကြောင်း၊ စီမံကိန်း အကောင်အထည်ဖော်ရာတွင် တရုတ်နိုင်ငံဘက်က အီဂျစ်နိုင်ငံအတွက် မွမ်းမံသင်တန်းပေးခဲ့သလို ဂြိုဟ်တု ဒီဇိုင်းရေးဆွဲခြင်း၊ စမ်းသပ်ခြင်း၊ တပ်ဆင်ခြင်း၊ စိစစ်သုံးသပ်ခြင်းသည့်ကဏ္ဍများတွင် အီဂျစ်နိုင်ငံကို ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်စေခဲ့ရာ နောက်ပိုင်းတွင် ကိုယ်တိုင်စမ်းသပ်ထိန်းချုပ်နိုင်မှုကို အကောင်အထည်ဖော်ဆောင်ပေးမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများက အီဂျစ် အာကာသလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ခိုင်မာသော အခြေခံဖြစ်စေသလို အာဖရိကတိုက်၏ အာကာသနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း စွမ်းအား ဖြစ်စေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အီဂျစ် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Rania Al-Mashat က တရုတ်နိုင်ငံမှ အီဂျစ်သို့ ကူညီပံ့ပိုးပေးသော AIT စင်တာနှင့် MisrSat II စီမံကိန်းသည် ကြီးမားသော တိုးတက်မှုများ ရရှိခဲ့ရာ အီဂျစ်ကိုယ်တိုင် ဂြိုဟ်တုထုတ်လုပ်မှုနှင့် ဂြိုဟ်တုစမ်းသပ် ထိန်းချုပ်နိုင်စွမ်းကို များစွာ မြှင့်တင်ပေးခဲ့ပါကြောင်း၊ အီဂျစ်နိုင်ငံအား အာကာသကဏ္ဍတွင် အာဖရိကဒေသ၏ရှေ့ဆောင်နိုင်ငံဖြစ်စေခြင်းကြောင့် အထူးတန်ဖိုးထား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

————————-
(Chinese Version)
(科技)中国政府援助埃及二号卫星初样星成功交付
新华社开罗6月26日电(记者姚兵 沈丹琳)中国政府援助埃及二号卫星初样星交付仪式25日在埃及航天城卫星总装集成测试(AIT)中心举行。此次交付使埃及成为首个具备卫星总装、集成和测试能力的非洲国家。
中国驻埃及大使廖力强表示,今年是“一带一路”倡议提出十周年,援埃二号卫星项目是中埃共建“一带一路”的又一标志性成果,在中埃航天合作领域具有里程碑意义。埃及是中国首个在境外交付国际卫星合作项目的国家,首个完成整星级境外大型试验的国家,也将成为首个具有完备卫星AIT能力的非洲国家。项目实施过程中,中方为埃方提供人员培训,埃方深度参与卫星设计、测试、总装、评审等环节,后续将实施自主测控,有关合作为埃及航天事业发展奠定了坚实基础,也将带动非洲大陆航天技术发展。
埃及国际合作部长拉尼娅•马沙特表示,中国援埃AIT中心和二号卫星项目取得重大进展,极大提升了埃及自主研发卫星和卫星测控能力,使埃及在航空航天领域成为非洲地区具有领先优势的国家,埃方对此高度赞赏并衷心感谢。
1. 6月25日,在埃及开罗举行的中国政府援助埃及二号卫星初样星交付仪式后,中国驻埃及大使廖力强(左)与埃及国际合作部长拉尼娅•马沙特握手。
2. 这是6月25日在埃及开罗拍摄的中国政府援助埃及二号卫星初样星。
3-5. 这是6月25日在埃及开罗拍摄的中国政府援助埃及二号卫星初样星交付仪式现场。