Connect with us

Media

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် တွေ့ရှိရသည့် ဒိုင်နိုဆောခေတ် သစ်ပင်အုပ်စုတစ်ခုဖြစ်သည့်ဖန်းပင်များ

ကူမင်း၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ ယူနန်ပြည်နယ်၊ လုံချွမ်းခရိုင် ၌ ဖန်းသစ်ပင် ဟုခေါ်သော ရှားပါးသစ်ပင်မျိုးစိတ်တစ်ခုဖြစ်သည့် alsophila spinulosa အုပ်စုငယ် တစ်ခုကို မကြာသေးမီက ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။

ပျမ်းမျှအမြင့် ငါးမီတာမှ ခြောက်မီတာအထိရှိသော ဖန်းသစ်ပင်ပေါင်း ၁၀၀ ကျော်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဧရာမထီးများကဲ့သို့ ပုံသ သဏ္ဌာန်ရှိသော ဖန်းသစ်ပင်များသည် တောင်ကျချောင်းများတွင် ပျံ့နှံ့ပေါက်ရောက်လျက်ရှိသည်။

အဆိုပါ ဖန်းသစ်ပင်များသည် လွန်ခဲ့သော နှစ်သန်းပေါင်း ၂၀၀ မှ ၃၀၀ ခန့် က ပေါက်ရောက်ခဲ့ခြင်းဖြစ်ပြီး ဒိုင်နိုဆောများ၏ အစာဖြစ်ခဲ့ကြောင်း Ruili Rare Botanical Garden Management Institute ၏ ဒါရိုက်တာနှင့် အကြီးတန်းအင်ဂျင်နီယာဖြစ်သူ Zhao Xianming ကဆိုသည်။ ယင်းအပင်များအား ကျောက်ဖြစ်ရုပ်ကြွင်းပညာနှင့် ကမ္ဘာမြေကြီး၏ ဆင့်ကဲဖြစ်စဉ် ကို လေ့လာရန်အတွက် “သက်ရှိကျောက်ဖြစ် ရုပ်ကြွင်း”ဟု သိပ္ပံဆိုင်ရာအဖွဲ့အစည်းက ခေါ်ဆိုခဲ့သည်။  (Xinhua)

…………………………………….

(English Version)

A group of dinosaur-age tree ferns found in southwest China

A small group of alsophila spinulosa, a rare tree species also known as tree ferns, has recently been discovered in Longchuan County, southwest China’s Yunnan Province.

The number of tree ferns found was more than 100, with an average height of five to six meters.

Shaped like giant umbrellas, tree ferns are scattered among the mountain streams.

Director and senior engineer of Ruili Rare Botanical Garden Management Institute Zhao Xianming said that tree ferns appeared about 200 million to 300 million years ago and were once the food of dinosaurs. The scientific community called it a “living fossil” for studying paleontology and the evolution of the earth.

Xinhua News Agency correspondents reporting from Kunming, China.(XHTV)