Connect with us

Media

BRICS ပူးပေါင်းဆောင်ရွက်မှုက ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အရေးပါဆုံးပလက်ဖောင်းဖြစ်ဟု တရုတ်အဆင့်မြင့်အရာရှိ ဝမ်ရိပြော

ပေကျင်း၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

BRICS ပူးပေါင်းဆောင်ရွက်မှုသည် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား စည်းလုံးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးပါဆုံး ပလက်ဖောင်းဖြစ်သလို ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အလေးအနက်မျှော်လင့်ချက်များ ပါဝင်သော ကမ္ဘာ့တောင်ဘက်ခြမ်း ဖွံ့ဖြိုးဆဲနိုင်ငံများကို ကိုယ်စားပြုသော ပင်မယန္တရားဖြစ်ကြောင်း တရုတ်အဆင့်မြင့်အရာရှိ ဝမ်ရိက ဇွန် ၂၇ ရက်က ပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲလည်းဖြစ်သူ ဝမ်က ဘရာဇီးနိုင်ငံ သမ္မတအကြံပေးအရာရှိချုပ် ဆဲလ်ဆို လူးဝစ္စ နျူနက်စ် အမ်မော်ရင်းမ်နှင့် တယ်လီဖုန်းပြောကြားစဉ် အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

ထိုသို့ဆက်သွယ်ပြောကြားစဉ် BRICS ပူးပေါင်းဆောင်ရွက်မှုကို မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုအဖြစ် အလေးထားဆွေးနွေးခဲ့ကြသည်။

CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က ကမ္ဘာကြီးသည် နှစ်ပေါင်းတစ်ရာမှ တစ်ခါကြုံတွေ့တတ်သော ပြောင်းလဲမှုများနှင့် ရင်ဆိုင်နေရကြောင်း၊ BRICS ထံမှ အသံများကို ပိုမိုကြားရမည်ဟု မျှော်လင့်ကြောင်းနှင့် BRICS က ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်သွားမည်ဟု မျှော်မှန်းထားကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် ဘရာဇီးနိုင်ငံတို့သည် BRICS ယန္တရားကို ကောင်းမွန်စွာလည်ပတ်ရန်နှင့် ဂုဏ်သတင်းကို အဆင့်မြှင့်တင်ရန် တာဝန်ရှိကြောင်း၊ သို့မှသာ ဗဟုအသွင်ဆောင်ကမ္ဘာကြီး၊ စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်းနှင့် နိုင်ငံတကာဆက်ဆံရေး ဒီမိုကရေစီအသွင်ပြောင်းမှု စသည်တို့မြှင့်တင်ရေးအတွက် ပံ့ပိုးကူညီမှုအသစ်များ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဝမ်က ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

………………………………

(English Version)

BRICS cooperation most important platform for developing countries: senior Chinese official Wang Yi

BEIJING, June 28 (Xinhua) — The BRICS cooperation is the most important platform for solidarity and cooperation among developing countries and the core mechanism representing countries of the South, which embodies the earnest expectations of developing countries, said senior Chinese official Wang Yi on Wednesday.

Wang, director of the Office of the Foreign Affairs Commission of the Communist Party of China (CPC) Central Committee, made the remarks in a phone conversation with Chief Advisor of the Presidency of Brazil Celso Luiz Nunes Amorim.

The two sides focused on strategic coordination regarding BRICS cooperation during the conversation.

Wang, also a member of the Political Bureau of the CPC Central Committee, said as the world is facing centennial changes, it hopes to hear more voices from BRICS and expects the bloc to play a greater role.

China and Brazil have the responsibility to run the BRICS mechanism well and enhance its reputation, so as to make new contributions to promoting world multipolarity, economic globalization, and democratization of international relations, Wang added.

Photo: Aerial photo taken on Sept. 28, 2021 shows the headquarters building of the New Development Bank in Shanghai, east China. (Xinhua/Fang Zhe)