Connect with us

Media

သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူများက မီးပုံးပျံအသုံးပြု၍ သစ်ပင်မျိုးစေ့များကြဲချ

ရန်ကုန်၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအပါအဝင်၊ တစ်ကမ္ဘာလုံး၌ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်အတွက် သစ်တောစိုက်ခင်းများ ဆောင်ရွက်ခြင်း၊ သစ်တောများထိန်းသိမ်းခြင်း၊ သစ်ပင်များစိုက်ပျိုးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ သို့ရာတွင် လူသူအရောက်အပေါက် နည်းပါးသည့် နေရာနှင့် သစ်ပင်မျိုးစေ့ချရန် ခက်ခဲသည့် တောင်တန်းများတွင် သစ်ပင်စိုက်ပျိုးရန် လွယ်ကူသည့် ကိစ္စရပ် မဟုတ်ခြင်းကြောင့် နည်းလမ်းများ စဉ်းစားလာကြသည်။ ထိုနည်းလမ်းများအနက် တစ်ခုဖြစ်သည့် မီးပုံးပျံဖြင့် မျိုးစေ့များကြဲချမည့် အစီအစဉ်တစ်ရပ်ကို သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူများအဖွဲ့တစ်ခု ဖြစ်သည့် Green Challenge Association မှ ယခုလအစောပိုင်းတွင် ဒုတိယအကြိမ်မြောက်အဖြစ် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၌ မျိုးစေ့ကြဲ အစီအစဉ်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117