Connect with us

Media

မီတာ ၁,၀၀၀ အထက် ကောင်းကင်ကြိုးတန်း လမ်းလျှောက်ပွဲ တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ကျန်းကျားကျဲ့တွင် ကျင်းပ

ကျန်းကျားကျဲ့၊ ဩဂုတ် ၂၃ ရက် (ဆင်ဟွာ)

တရုတ်၊ ပြင်သစ်၊ စပိန် စသည့် နိုင်ငံနှင့်ဒေသများမှ ကောင်းကင် ကြိုးတန်း လမ်းလျှောက် အားကစား ဝါသနာရှင် ၁၂ ဦး သည် တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ကျန်းကျားကျဲ့ အမျိုးသား သစ်တော ဥယျာဉ်တွင် ဩဂုတ် ၂၁ ရက်မှ ၂၂ ရက်အထိ ဆုံစည်းခဲ့ကြသည်။

ယခုအကြိမ် ကောင်းကင်ကြိုးတန်း လမ်းလျှောက်ပွဲကို ၁,၀၉၂ မီတာ မြင့်သော ကျန်းကျားကျဲ့ အမျိုးသား သစ်တော ဥယျာဉ်ရှိ ဟွမ်ရှီကျိုက် လျို့ချီကယ် နှင့် ရှန်လိုင် တောင်ထိပ်ကြားတွင် ကျင်းပခဲ့သည်။ ပြိုင်ပွဲဝင် ၁၂ ဦးကို အဖွဲ့ ၆ ဖွဲ့ခွဲ၍ ၂ ဦးစီ ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲဝင်များက လုံခြုံရေးခါးပတ်ပတ်၍ ၁၂၀ မီတာ အရှည်၊ ၂၅ မီလီမီတာ အကျယ် ၊ ၂ မီလီမီတာ အထူရှိသော ကြိုးပြားပေါ်၌ မည်သည့် အထောက်အကူ ပစ္စည်းမှမရှိဘဲ မိမိ၏ ခန္ဓာကိုယ်ကြွက်သား လှုပ်ရှားမှု၊ လက်နှစ်ဖက်ဖြင့် ဟန်ချက်ထိန်းညှိ၍ တိမ်လွှာများကြားတွင် စိတ်လှုပ်ရှားဖွယ် လမ်းလျှောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)

# # #Slacklining #တရုတ် #ကျန်းကျားကျဲ့ #ကြိုးတန်းလမ်းလျှောက်ခြင်း
………………………………..
(Chinese Version)
湖南张家界:云端漫步!12名中外选手千米高空走扁带
8月21日至22日,来自中国、法国、西班牙等国家和地区的12名中外扁带运动爱好者齐聚张家界国家森林公园。
此次扁带挑战选在海拔1092米高的张家界国家森林公园黄石寨六奇阁和神来峰之间,12位选手分成6组,2人一组开展比拼。选手们系着安全带走上一条120米长、25毫米宽、2毫米厚的长细扁带。在没有使用任何辅助器材协助平衡的前提下,凭借自身肌体的扭曲、手臂的摆动来调节重心、维持平衡,可谓是步履云端,步步惊心。中外选手行走在峰林绝壁之间,宛如空中曼舞,尽情感受极限运动与独特自然美景带来的惊艳体验。
记者:丁春雨
报道员:谭鹏波、赵锐、吴勇兵
新华社音视频部制作