Connect with us

Media

တူရကီနိုင်ငံတွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်းဗိုင်းရပ်စ်အသစ် EG. 5 ကူးစက်မှု ၉ ဦး တွေ့ရှိ

အန်ကာရာ၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံတွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်းဗိုင်းရပ်စ်အသစ် Eris ဟုခေါ်သော EG. 5 ဗိုင်းရပ်စ်ကူးစက်မှုအသစ် ၉ ဦး တွေ့ရှိခဲ့ကြောင်း စက်တင်ဘာ ၁၅ ရက်က ပြောကြားခဲ့သည်။
“ဒီဗိုင်းရပ်စ်က လူအများစိုးရိမ်ဖွယ်အဖြစ်တော့ ထည့်သွင်းစဉ်းစားလို့မရသေးပါဘူး။ ကူးစက်မှုအန္တရာယ် နည်းပါးနေသေးတဲ့ Eris မျိုးဗီဇပြောင်းဗိုင်းရပ်စ်က ဓာတ်ခွဲခန်းမှာ စစ်ဆေးရာမှာ လူ ၉ ဦးပဲ တွေ့ရှိရပါသေးတယ်” ဟု တူရကီနိုင်ငံ ကျန်းမာရေးဝန်ကြီး Fahrettin Koca က ယခင်က တွစ်တာဟု လူသိများသော X လူမှုမီဒီယာ ပလက်ဖောင်း၌ ရေးသားထားသည်။

“သူတို့က နိုင်ငံတကာထိတွေ့မှုရှိသူတွေဖြစ်ပြီး ပြည်နယ်တစ်ခုတည်းမှာပဲ တွေ့ရတာပါ။ လက်ရှိ စီမံဆောင်ရွက်မှုတွေနဲ့ နေ့စဉ်လူနေမှုပုံစံအတိုင်း ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟု ၎င်းက ဆိုသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကိုဗစ်-၁၉ မျိုးဗီဇပြောင်းဗိုင်းရပ်စ် EG. 5 ကို “variant of interest” အဖြစ်သတ်မှတ်ထားခဲ့သည်။

သို့ရာတွင် အဆိုပါဗိုင်းရပ်စ်ကို ဆင့်ကဲပြောင်းလဲမှုအန္တရာယ်ကြောင့် အနီးကပ်စောင့်ကြည့်သင့်ကြောင်း ကျန်းမာရေးစောင့်ကြည့်အဖွဲ့က သတိပေးထားကြောင်း သိရသည်။ (Xinhua)

#Turkey #COVID_19 #EG5 # Variant #တူရကီ #ကိုဗစ်_၁၉ #မျိုးဗီဇပြောင်းဗိုင်းရပ်စ်
………………………………
(English Version)
Türkiye detects nine cases of new COVID-19 variant EG. 5
Türkiye said on Friday that nine people in the country have tested positive for the new COVID-19 variant EG. 5, also known as Eris.
“This is a development that should not be considered a subject of concern. The Eris variant, which we know has low virulence, was seen in nine people in the examination carried out in our reference laboratory,” Turkish Health Minister Fahrettin Koca said on the social media platform X, formerly known as Twitter.
“They have international contacts and are in the same province. We will continue with the current measures and our daily life,” he said.
The World Health Organization (WHO) classified the EG. 5 strain of COVID-19 as the “variant of interest”.
However, the health watchdog warned that it should be closely watched due to the risk evaluation.
Xinhua News Agency correspondents reporting from Ankara. (XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.