Connect with us

Media

AFC CUP အဖွင့်ပွဲစဉ်တွင် သြစတြေးလျကလပ်ကို ၃-၀ ရလဒ်ဖြင့် ရှမ်းယူနိုက်တက်အသင်း ရှုံးနိမ့်

ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

AFC CUP 2023 – 24 အုပ်စုပွဲစဉ်အဖြစ် ရှမ်းယူနိုက်တက်အသင်းနှင့် (သြစတြေးလျ) ကလပ်အသင်း ဖြစ်သည့် မက်ခ်အာသာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မက်ခ်အာသာအသင်းက ၀ – ၃ ဂိုးရလဒ်ဖြင့် အနိုင်ရခဲ့သည်။

အဆိုပါ ပွဲစဉ်ကို စက်တင်ဘာ ၂၁ ရက်၊ ညနေပိုင်းက ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ခြင်း ဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်းအနေဖြင့် အကောင်းဆုံး ကြိုးစားခဲ့ပေမဲ့ အနိုင်ရလဒ်နှင့် ဝေးကွာခဲ့ရခြင်း ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် AFC CUP အုပ်စု ဒုတိယမြောက် ပွဲစဉ်အဖြစ် အောက်တိုဘာ ၅ ရက်တွင် ကမ္ဘောဒီးယားကလပ် ဖနွမ်းပင်အသင်းနှင့် အဝေးကွင်း၌ ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)