Connect with us

Media

Airbus က တရုတ်နိုင်ငံတွင် ဒုတိယမြောက် တပ်ဆင်ရေးစက်ရုံ တည်ဆောက်မည်

ထျန်းကျင်း၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)

ဥရောပ လေယာဉ်ထုတ်လုပ်သူဖြစ်သော Airbus ကုမ္ပဏီက တရုတ်ဈေးကွက်တိုးချဲ့မှုအဖြစ် တရုတ်နိုင်ငံတွင် ဒုတိယမြောက် နောက်ဆုံးတပ်ဆင်ရေးစက်ရုံတည်ဆောက်မှုကို စက်တင်ဘာ ၂၈ ရက်က စတင်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့တွင် တည်ဆောက်မည့် စက်ရုံသစ်သည် Airbus နှင့် ထျန်းကျင်း လွတ်လပ်သော ကုန်သွယ်မှုဇုန် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက်နှင့် တရုတ်နိုင်ငံ လေကြောင်းလုပ်ငန်း ကော်ပိုရေးရှင်း လီမိတက်တို့ကြား ၂၀၂၃ ခုနှစ် ဧပြီလက သဘောတူစာချုပ်တစ်ခု လက်မှတ်ရေးထိုးခဲ့ပြီး နောက်ထပ် သမိုင်းမှတ်တိုင်လည်း ဖြစ်သည်။
အဆိုပါ တိုးချဲ့လိုက်သော စီမံကိန်းသည် ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဝန်ဆောင်မှုစတင်နိုင်ရန် စီစဉ်ထားကြောင်း Airbus က ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။ (Xinhua)

…………………………
(English Version)
Airbus breaks ground on second China final assembly line
Airbus on Thursday broke ground on its second final assembly line in China’s Tianjin as the European aircraft manufacturer seeks expansion in the Chinese market.
The groundbreaking marks another milestone after Airbus signed an agreement on the project with Tianjin Free Trade Zone Investment Company Ltd. and Aviation Industry Corporation of China, Ltd. in April 2023.
The expansion project is planned to enter into service at the end of 2025, Airbus said in a statement.
Xinhua News Agency correspondents reporting from Tianjin, China.(XHTV)