Connect with us

Media

တရုတ်နိုင်ငံခြားရေးဝန်ကြီး နှင့် အမေရိကန်နိုင်ငံ အမျိုးသား လုံခြုံရေးအကြံပေး Jake Sullivan တွေ့ဆုံဆွေးနွေးပွဲကျင်းပ

ဘန်ကောက် ၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ(CPC)ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင် ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan တို့က ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နှင့် ၂၇ ရက် တို့တွင် ဘန်ကောက်မြို့၌တွေ့ဆုံဆွေးနွေးမှုအသစ်တစ်ရပ်ပြုလုပ်ခဲ့သည်။ နှစ်ဘက်အနေဖြင့် နှစ်နိုင်ငံသမ္မတ တို့မှ ဆန်ဖရန်စ္စကို တွေ့ဆုံမှုတွင်ရရှိခဲ့သည့်သဘောတူညီချက်များအား လက်တွေ့အကောင်အထည်ဖော်ရန် နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံအရေးပါသည့်ကိစ္စရပ်များ နှင့် ထိလွယ်ရှလွယ်သည့် ကိစ္စရပ်များတွင် ရိုးသားစွာ ၊ လက်တွေ့ကျစွာ နှင့် ရလာဒ်များထွက်ရှိနိုင်သည့် မဟာဗျူဟာဆွေးနွေးမှုများကို ကောင်းမွန်စွာကိုင်တွယ်ဆောင်ရွက်သွားကြရန်ဆွေးနွေးခဲ့ကြသည်။ဝမ်ရိ က ယခုနှစ်သည် တရုတ်-အမေရိကန် သံတမန်ထူထောင်ခြင်း ၄၅ နှစ်ပြည့်သောနှစ်ဖြစ်ကြောင်း ၊ နှစ်နိုင်ငံအနေဖြင့် ယင်းကိုအခွင့်အလမ်းတစ်ခုအဖြစ်ခံယူ၍ အတွေ့အကြုံများကို ပြန်လည်သုံးသပ်ခြင်း ၊ သင်ခန်းစာများယူခြင်း ၊ တန်းတူညီမျှဆက်ဆံခြင်းများကိုဆောင်ရွက်သွားရမည်ဖြစ်ပြီး သဘောထားကွဲလွှဲမှုများကို ချန်လျက်ကာ ဘုံသဘောတူညီချက်များကိုဆောင်ရွက်ရမည်ဖြစ်ကာ သဘောထားကွဲလွှဲမှုကိုပိုမိုကြီးမားအောင်ဆောင်ရွက်ရမည်မဟုတ်ကြောင်း ၊ အပြန်အလှန်လေးစားမှုကိုထားရှိပြီး နှစ်နိုင်ငံ၏ အဓိက အကျိုးစီးပွားကို ထိခိုက်အောင်ဆောင်ရွက်ရမည်မဟုတ်ကြောင်း ၊ နှစ်နိုင်ငံအနေဖြင့် အတူတကွ အပြန်အလှန်လေးစားမှုဖြင့် အတူတကွယှဉ်တွဲနေထိုင်ရေး ၊ နှစ်ဦးနှစ်ဘက်အကျိုးတူဖြစ်ထွန်းရေး တို့ဖြင့် တရုတ်-အမေရိကန် နှစ်နိုင်ငံ၏ မှန်ကန်သည့်ဆက်ဆံမှု ပုံစံကို တည်ဆောက်သွားရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ထိုင်ဝမ်အရေးသည် တရုတ်နိုင်ငံ၏ပြည်တွင်းရေးဖြစ်ကြောင်း ၊ ထိုင်ဝမ်ရွေးကောက်ပွဲများဟာ ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟူသော အခြေခံအမှန်တရားကို ပြောင်းလဲနိုင်မည်မဟုတ်ကြောင်း ၊ ထိုင်ဝမ် ရေလက်ကြားတလျောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုအတွက် အဓိက အန္တရာယ်မှာ “ထိုင်ဝမ်ခွဲထွက်ခြင်း” ဖြစ်ပြီး တရုတ်-အမေရိကန်ဆက်ဆံရေး၏ အကြီးမားဆုံးသောစိန်ခေါ်မှုမှာလည်း”ထိုင်ဝမ်ခွဲထွက်ခြင်း”ဖြစ်ကြောင်း ၊ အမေရိကန်နိင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒ နှင့် တရုတ်-အမေရိကန် နှစ်နိုင်ငံကြားချုပ်ဆိုထားသောပူးတွဲကြေညာချက်၃ ရပ် ကို မဖြစ်မနေလိုက်နာရမည်ဖြစ်ကြောင်း ၊ ထိုင်ဝမ်ကိုမထောက်ခံသည်လုပ်ရပ်များကိုလက်တွေ့အကောင်အထည်ဖော်ပြီး တရုတ်နိုင်ငံငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေးကို ထောက်ခံအားပေးရမည်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

ထို့ပြင် ဝမ်ရိ က နိုင်ငံအသီးသီးတွင်လုံခြုံရေးဆိုင်ရာကိစ္စရပ်များရှိကြကြောင်း ၊ သို့သော် ဆောင်ရွက်မှုများက မှန်ကန်ပြီးလက်ခံနိုင်သောဆောင်ရွက်မှုများဖြစ်ရမည်ဖြစ်ကြောင်း ၊ နိုင်ငံရေးနှင့်ပက်သက်ဆက်နွယ်လာ၍မရဘဲ လုံခြုံရေးနှင့် ပိုမို မပတ်သက်လာသင့်ကြောင်း ၊ အခြားတစ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားသည့် ဆောင်ရွက်မှု ပိုမိုမဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။ နှစ်နိုင်ငံအနေဖြင့်အမျိုးသားလုံခြုံရေးနှင့်စီးပွားရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ နှစ်နိုင်ငံအကြားကိစ္စရပ်များကိုလည်း ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။

နှစ်နိုင်ငံအနေဖြင့် “ဆန်ဖရန်စ္စကိုမျှော်မှန်းချက်”ကိုအတူတကွ လက်တွေ့အကောင်အထည်ဖော်ရန်သဘောတူညီခဲ့ကြပြီး နှစ်နိုင်ငံခေါင်းဆောင် ဆက်သွယ်မှုထိန်းသိမ်းသွားခြင်း ၊ နှစ်နိုင်ငံဆက်ဆံရေးမဟာဗျူဟာလမ်းညွှန်မှုပြုလုပ်ခြင်း ၊ နှစ်နိုင်ငံ ကဏ္ဍအသီးသီးအဆင့်ဆင့်သော ကူးလူးဆက်ဆံမှုကို တွန်းအားပေးဆောင်ရွက်ခြင်း ၊ လက်ရှိတည်ရှိနေပြီးဖြစ်သောမဟာဗျူဟာဆက်သွယ်မှုလမ်းကြောင်းကို ကောင်းမွန်စွာအသုံးပြု၍ နှစ်နိုင်ငံ နိုင်ငံခြားရေး ၊ စစ်ရေး ၊ စီးပွားရေး ၊ ကူးသန်းရောင်းဝယ်ရေး နှင့် ရာသီဥတုအပြောင်းအလဲစသည့် ကဏ္ဍအသီးသီးတွင် ချိတ်ဆက်မှုစည်းစနစ်ကို ဆောင်ရွက်ခြင်း တို့ကို ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍နှစ်နိုင်ငံအနေဖြင့် တရုတ်-အမေရိကန် ဆက်ဆံရေး လမ်းညွှန်မှုနှင့် ပတ်သက်၍လည်းကောင်း ၊ လက်တလောကာလနှစ်နိုင်ငံမူးယစ်ဆေးဝါးနှိမ်နင်းရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့နှင့် ပတ်သက်၍လည်းကောင်း ၊ ယခုနှစ်တရုတ်နှစ်သစ်ကူးတွင်တရုတ်-အမေရိကန် ပထမဆုံးအကြိမ် ဉာဏ်ရည်တုနည်းပညာဆိုင်ရာ အစိုးရအကြားဆွေးနွေးပွဲ ယန္တရား ပြုလုပ်ခြင်းတို့ကိုလည်းကောင်း ၊ သက်ဆိုင်ရာဆောင်ရွက်မှုများကို တိုးချဲ့၍နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်ခြင်းတို့ကိုလည်းကောင်း ဆွေးနွေးခဲ့ကြသည်။ထို့အပြင် နှစ်နိုင်ငံအနေဖြင့် အရှေ့အလယ်ပိုင်းအရေး ၊ ယူကရိန်းအရေး ၊ ကိုးရီးယားကျွန်းဆွယ်အရေး နှင့် တောင်တရုတ်ပင်လယ်စသည့် နိုင်ငံတကာ နှင့် ဒေသတွင်း ကိစ္စရပ်များနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။ (Xinhua)

……………………………
(Chinese Version)
王毅同美国总统国家安全事务助理沙利文举行会晤
新华社曼谷1月27日电(记者林昊 高博)当地时间2024年1月26日至27日,中共中央政治局委员、中央外办主任王毅在曼谷同美国总统国家安全事务助理沙利文举行新一轮会晤。双方围绕落实两国元首旧金山会晤共识、妥善处理中美关系重要敏感问题进行了坦诚、实质性、富有成果的战略沟通。
王毅说,今年是中美建交45周年。双方应以此为契机,总结经验、汲取教训,平等相待而不是居高临下,求同存异而不是突出分歧,切实尊重而不是损害对方核心利益,共同致力于相互尊重、和平共处、合作共赢,构建中美两国正确相处之道。
王毅强调,台湾问题是中国内政,台湾地区选举改变不了台湾是中国一部分的基本事实。台海和平稳定的最大风险是“台独”,中美关系的最大挑战也是“台独”。美方必须恪守一个中国原则和中美三个联合公报,将不支持“台独”承诺落实到行动上,支持中国和平统一。
王毅指出,各国都有国家安全关切,但必须正当合理,不能搞泛政治化和泛安全化,更不能借此遏制打压他国的发展。双方同意就国家安全和经济活动之间的边界进行进一步讨论。
双方同意共同落实“旧金山愿景”:两国元首将保持经常性联系,对双边关系进行战略引领;推进中美各领域各层级交往,用好目前的战略沟通渠道以及外交、两军、经济、金融、商务、气候变化等领域一系列对话磋商机制;继续就中美关系指导原则开展讨论;近期启动中美禁毒合作工作组;今年春天举行中美人工智能政府间对话机制首次会议;采取进一步措施,扩大两国人文交流。
双方还讨论了中东、乌克兰、朝鲜半岛、南海等国际和地区问题。(完)