Connect with us

Latin America

ဘရာဇီး နိုင်ငံတွင် လေယာဉ်ငယ်တစ်စင်းပျက်ကျ လူ ၇ ဦးသေဆုံး

ရီယိုဒီဂျနေးရိုး၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ Minas Gerais ပြည်နယ် မီးသတ်ဌာနက ဇန်နဝါရီ ၂၈ ရက် အတည်ပြုချက်အရ ယင်းပြည်နယ်တွင် လေယာဉ်ငယ်တစ်စင်း မတော်တဆမှုဖြစ်ပြီး လေယာဉ်ပေါ်လိုက်ပါခဲ့သည့် လူ ၇ ဦးလုံးသေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါလေယာဉ်သည် ဇန်နဝါရီ ၂၈ ရက် ဒေသစံတော်ချိန် ၁၀ နာရီ ၉ မိနစ် တွင် ဆော်ပေါ်လို ပြည်နယ် Campinas မြို့မှ စတင်ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း ၊ လေယာဉ်သွားရောက်မည့်လေဆိပ်မှာ Minas Gerais ၏ မြို့တော် Belo Horizonte ဖြစ်ကာ ၁၀ နာရီ ၃၆ မိနစ် အချိန်တွင် ပျက်ကျခဲ့ခြင်းဖြစ်ပြီး လေယာဉ်သည် မပျက်ကျမီဝေဟင်၌ပင်ပျက်စီးခြင်းဖြစ်ကြောင်း မီးသတ်ဌာနက ပြောခဲ့သည်။

ဘရာဇီးနိုင်ငံအမျိုးသားလေကြောင်းဌာနချုပ်၏ထုတ်ပြန်ချက်အရ ယခုပျက်ကျခဲ့သည့်လေယာဉ်မှာ “Piper PA-46” အမျိုးအစားလေယာဉ်ဖြစ်ပြီး ၁၉၉၆ ခုနှစ်တွင် ထုတ်လုပ်ခဲ့ကြောင်း ၊ လေယာဉ်ပျက်ကျမှုကို တာဝန်ယူစစ်ဆေးနေသည့် ရဲဘက်တာဝန်ရှိသူ က အခင်းဖြစ်ပွားချိန်တွင် ယင်းဒေသ၌မိုး သည်းထန်စွာ ရွာသွန်းနေပြီး လေယာဉ်ပေါ်ရှိ ခရီးသည် ၅ ဦး နှင့် လေယာဉ်ဝန်ထမ်းနှစ်ဦးလုံး သေဆုံးသွားကြောင်း ပြောကြားခဲ့သည်။ (Xinhua)

…………………………………
(Chinese Version)
巴西一小型飞机失事 7人遇难
2024-01-29 08:58:01 分类: 社会
新华社里约热内卢1月28日电(记者赵焱)巴西米纳斯吉拉斯州消防部门28日确认,一架小型飞机当天在该州失事,机上7人全部遇难。
这架飞机当地时间28日10时09分从圣保罗州坎皮纳斯市起飞,目的地是米纳斯吉拉斯州首府贝洛奥里藏特,10时36分失事。消防部门说,飞机坠落前在空中已经解体。
巴西国家民航总局报告称,这架飞机型号为“派珀PA-46”,生产于1996年。负责事故调查的警方说,事发时当地有强降雨,机上有5名乘客和2名机组成员。(完)