Connect with us

Media

ဂျော်ဒန်နိုင်ငံက ဂါဇာဒေသသို့ ကယ်ဆယ်ရေးပစ္စည်းများ လေထီးဖြင့် ချပေးရန် လေယာဉ်လေးစင်း စေလွှတ်

အမ်မန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသရှိ ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပေးပို့ရန် လေထီးဖြင့် ပစ္စည်းများ ချပေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ဂျော်ဒန်စစ်တပ်က ဖေဖော်ဝါရီ ၂၆ ရက်တွင် ကြေညာခဲ့သည်။
အဆိုပါအကူအညီများတွင် အာဟာရကြွယ်ဝသည့် အသင့်စား စားစရာများကဲ့သို့သော ရိက္ခာနှင့်စားစရာပစ္စည်းများ ပါဝင်ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် စတင်ခဲ့သည့် အစ္စရေး-ဟားမက်စ် ပဋိပက္ခတွင် ပါဝင်ပတ်သက်နေရသည့် ပြည်သူများ၏ ဆင်းရဲဒုက္ခကို လျော့ပါးသက်သာစေရေးအတွက် ရည်ရွယ်ကြောင်း နိုင်ငံပိုင် Petra သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ယင်းပစ္စည်းများအား ဒေသခံများထံ တိုက်ရိုက်ပေးပို့ရန် ရည်ရွယ်၍ မြောက်ဘက်မှတောင်ဘက်နယ်မြေ ကမ်းရိုးတန်း တစ်လျှောက် လေထီးဖြင့် ချပေးခဲ့ကြောင်း သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
လေထီးဖြင့် ပစ္စည်းများ ချပေးခြင်းများအား C130 လေယာဉ်လေးစင်းဖြင့် လုပ်ဆောင်ခဲ့ပြီး ယင်းလေယာဉ်လေးစင်းအနက် တစ်စင်းမှာ ပြင်သစ်စစ်တပ်က ပိုင်ဆိုင်သည့် လေယာဉ်ဖြစ်ကြောင်း ဖော်ပြထားသည်။ (Xinhua)

 

………………………………….

(English Version)
Jordan sends 4 relief air drops to Gaza
The Jordanian Armed Forces announced on Monday that they conducted four air drops to deliver humanitarian aid to the people in the Gaza Strip.
The aid, which includes relief and food items such as high-nutrition ready meals, aims to alleviate the suffering of local residents who have been embroiled in the Israel-Hamas conflict since Oct. 7, 2023, the state-run Petra news agency reported.
The supplies were dropped along the coast of the territory from north to south with the aim of delivering them directly to the residents, according to Petra.
The air drops were carried out by four C130 aircraft, one of which belongs to the French Armed Forces, it said.
Xinhua News Agency correspondents reporting from Amman.(XHTV)