Connect with us

Media

Bank of China က မြန်မာနိုင်ငံ ရန်ကုန်တက္ကသိုလ်ကျောင်းသားကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေး ချီးမြှင့်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

Bank of China ၏ ရန်ကုန်တက္ကသိုလ်ကျောင်းသားကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေး ချီးမြှင့်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၂၅ ရက်က ရန်ကုန်မြို့တွင်ကျင်းပခဲ့သည်။ Bank of China ၏ ပညာသင်ထောက်ပံ့ကြေးစီမံကိန်းကို ၂၀၂၂ ခုနှစ်တွင် စတင်ဖော်ဆောင်ခဲ့ပြီး နှစ်စဉ် ရန်ကုန်တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူပေါင်း အယောက် ၁၀၀ ကို ပညာသင်ထောက်ပံ့ကြေး ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနား၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး Ms. Cao Jing၊ မြန်မာနိုင်ငံဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် ဒေါ်ခိုင်ရွှေဝါ တို့တက်ရောက် အမှာစကားပြောကြားခဲ့ကြကြောင်း သိရသည်။ (Xinhua)