Connect with us

Media

တရုတ်နိုင်ငံ Xiushan ဘူတာရုံမှ ရုရှားနိုင်ငံ မော်စကိုမြို့သို့ ပထမဆုံး ကုန်တင်ရထား ထွက်ခွာ

ချုံချင့်၊ မတ် ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ချုံချင့်မြို့ Xiushan ရထားဘူတာရုံမှ “Wulingshan” အမည်ရှိ ကုန်တင်ရထားတစ်စင်းက ဖေဖော်ဝါရီ ၂၈ ရက်တွင် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ယင်းမှာ ချုံချင့်မြို့၏ အရှေ့တောင်ပိုင်းဒေသမှ ပထမဆုံး ကုန်တင်ရထားက တရုတ်-ဥရောပ အမြန်ကုန်ပို့ ရထားလမ်းမှတစ်ဆင့် ထွက်ခွာသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်လုပ်မီးပုံးများကဲ့သို့သော အသုံးအဆောင်များ တင်ဆောင်ထားသည့် ရထားက တရုတ်နိုင်ငံ ရှင်းကျန်းဒေသရှိ ဟော့အယ်ကောစစ် နယ်စပ်စခန်းမှတစ်ဆင့် ရုရှားနိုင်ငံ မော်စကိုမြို့သို့ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။
ယင်းမှာ ချုံချင့် ၊ ဟူပေ ၊ ဟူနန်နှင့် ကွေ့ကျိုးတို့ရှိ အနီးတစ်ဝိုက်ဒေသများနှင့် ဥရောပအကြား ပူးပေါင်းဆောင်ရွက်မှုအား အရှိန်မြှင့်တင်ပေးကာ ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တွန်းအား ဖြစ်စေကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
1st freight train leaves China’s Xiushan towards Moscow
A freight train named “Wulingshan” departed from Xiushan Station, southwest China’s Chongqing on Wednesday.
It marked the first freight train setting off from the southeastern region of Chongqing via China-Europe Railway Express (CRE).
Loaded with commodities such as hand-made lanterns, the train will arrive in Moscow via Horgos, China’s Xinjiang.
It accelerates the cooperation between the neighboring regions of Chongqing, Hubei, Hunan and Guizhou with Europe, injecting impetus into regional economic development.
Xinhua News Agency correspondents reporting from Chongqing, China.(XHTV)