Connect with us

Media

သင်္ကြန်အားလပ်ရက်များအတွက် ပြည်ပခရီးစဉ်များ ၀ယ်လိုအား တိုးလာ

ရန်ကုန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)

မြန်မာနှစ်သစ်ကူးပွဲတော် သင်္ကြန်ရုံးပိတ်ရက် အတွက် ပြည်ပ ခရီးစဉ်များ ၀ယ်လိုအား မြင့်တက်လာကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးနောင်နောင်ဟန်က ဆင်ဟွာသို့ မကြာသေးမီက ပြောကြားခဲ့သည်။ ယခုနှစ် သင်္ကြန်ပွဲတော်အားလပ်ရက်အတွင်း ပြည်ပခရီးစဉ်များသည် ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ၅၀ ရာခိုင်နှုန်းခန့် သိသိသာသာ တိုးလာကြောင်း ၎င်းက ဆိုသည်။ ထိုင်း၊ အိန္ဒိယနှင့် ဗီယက်နမ် စသည့် နိုင်ငံများသို့ အပန်းဖြေခရီးထွက်ရန် ခရီးသွားအများစုက ရွေးချယ်နေကြသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

သင်္ကြန်ကာလအတွက် ပြည်တွင်းပြည်ပ ခရီးစဉ်များ ရောင်းအားက ယခင်လများထက် သာလွန်ခဲ့ကြောင်း သိရသည်။ ယခုနှစ် သင်္ကြန်ရုံးပိတ်ရက်အတွင်း မြန်မာနိုင်ငံတွင်း ခရီးသွားလာမှုမှာ ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ကျဆင်းလာကြောင်း၊ သို့သော် ကလော၊ ချောင်းသာနှင့် ငွေဆောင်ကဲ့သို့သော ထင်ရှားသည့် အပန်းဖြေ
နေရာများတွင်မူ ဟိုတယ်များ ကြိုတင်မှာယူမှုများ မြင့်တက်လာခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.