Connect with us

Videos

စက်ရုပ်သတင်းထောက်မလေး ကျားကျား

ဟေပေ ၊ဧပြီ ၂၆ ရက် (ဆင်ဟွာ)

စက်ရုပ်သတင်းထောက်မလေး ကျားကျား(Jia Jia) ကို တရုတ်နိုင်ငံအရှေ့ပိုင်း Anhui ပြည်နယ် ၊ ဟေပေမြို့ရှိ တရုတ်နိုင်ငံ သိပ္ပံ နှင့် နည်းပညာတက္ကသိုလ်(USTC) ၏ စက်ရုပ်များ သိပ္ပံစမ်းသပ်ခန်း ညွှန်ကြားရေးမှူး ပါမောက္ခ Chen Xiaoping က တီထွင်ပေးခဲ့ခြင်းဖြစ်သည်။

ဆင်ဟွာသတင်းဌာန၏ အထူးသတင်းထောက် တစ်ယောက်အနေဖြင့် စက်ရုပ်မလေး ကျားကျား၏ ပထမဆုံး အင်တာဗျူးကို ဧပြီလ ၂၄ ရက်တွင် ပြုလုပ်ခဲ့ပြီး ၊ ယင်းမှာ လူသားတို့၏အသိဉာဏ်ပိုင်းဆိုင်ရာ တီထွင် ဖန်တီးမှု(AI) နယ်ပယ်အတွက် ခြေလှမ်းငယ် တစ်ခုဖြစ်ကြောင်း Chen က မှတ်ချက်ပြုပြောကြားခဲ့သည်။ ကျားကျားသည် အမေရိကန်နိုင်ငံ သတင်းသမား နှင့် သိပ္ပံဆိုင်ရာ စူးစမ်းလေ့လာသူတစ်ဦးဖြစ်သည့် Kevin Kelly အား ဧပြီလ ၂၄ ရက်က အင်တာဗျူးပြုလုပ်ခဲ့သည်။ အဆိုပါ အင်တာဗျူးသည် လူသားစင်စစ် နှင့် AI စက်ရုပ်သတင်းထောက်တို့အကြား ပြုလုပ်သော ကမ္ဘာ့ပထမဆုံး အင်တာဗျူးတစ်ခုအဖြစ် “ အလွန်အရေး ပါသော အမှတ်လက္ခဏာ” ဟု ကြွေးကြော်နိုင်ခဲ့သည်။

ယခင်ထုတ်လုပ်ခဲ့ပြီးသော Jia Jia 1.0 နှင့် 2.0 တို့ဖြင့်နှိုင်းယှဉ်ပါက 3.0 သည် လူသားတို့၏ဘာသာစကား နှင့် ဟန်အမူအရာတို့ကို ခွဲခြားစိတ်ဖြာနိုင်ကြောင်း သိရသည်။ ထို့ပြင် ၎င်း၏ အဓိကအရေးကြီးဆုံးသော အားသာချက်မှာ ပို၍စွဲဆောင်မှုရှိခြင်း နှင့် တွေ့ဆုံမေးမြန်းမှုကို ပို၍ လှိုက်လှိုက်လှဲလှဲ ပြုလုပ်နိုင်ခြင်းတို့ ဖြစ်ကြောင်း စက်ရုပ်တီထွင်ခဲ့သူက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117