Connect with us

Videos

တတိယအကြိမ်မြောက်တရုတ်-မြန်မာ”ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့” အား စည်ကားသိုက်မြိုက်စွာ ကျင်းပ

ရန်ကုန် ၊ ဇွန် ၉ ရက် (ဆင်ဟွာ)

တတိယ အကြိမ်မြောက် တရုတ်-မြန်မာ နှစ်နိုင်ငံ “ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့” အား ဇွန်လ ၈ ရက်နေ့ က ရန်ကုန်မြို့ရှိ Sule Shangri-La ဟိုတယ် တွင် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ညီအကို မောင်နှမ များနှင့် အတူတကွ စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ် ခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က အဖွင့် အမှာစကား ပြောကြားရာတွင် တရုတ်နိုင်ငံက ပေါက်ဖော်ညီအကို နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး နှင့် ငြိမ်းချမ်းရေးလမ်းစဉ် လျှောက်လှမ်းခြင်း ကို ထောက်ခံအားပေးမှု ဆောင်ရွက်ပေးခဲ့ကြောင်း ၊ လက်ရှိချိန်တွင် နှစ်နိုင်ငံ ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့မြှင့်တင်နိုင်ခဲ့ပြီး ၊ တရုတ်နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ၏ လူမှုဘဝမြှင့်တင်ရေး ဆိုင်ရာ ကဏ္ဍများကို ဦးစားပေး ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ က တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ၊ ဒေသတွင်း နှင့် နိုင်ငံတကာ ကိစ္စရပ်များ တွင် ညီအကို ရင်း ကဲ့သို့ ခိုင်မာစွာ ရပ်တည်ပေး ခဲ့သည့် အတွက် ကျေးဇူးတင်ရှိကြောင်း ၊ မြန်မာ နိုင်ငံ အစိုးရ အဆက်ဆက် အနေဖြင့် တရုတ် တစ်နိုင်ငံတည်း မူဝါဒ ကို စဉ်ဆက်မပြတ် အပြည့်အဝ ထောက်ခံရပ်တည် ခဲ့ပြီး လက်ရှိ အစိုးရ အနေဖြင့် လည်း ယင်းမူဝါဒ ကို ဆက်လက် ထိန်းသိမ်းလျက်ရှိကြောင်း ပြောကြားခဲ့သည်။

မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့ ပွဲဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးချစ်စိန် က တရုတ် နိုင်ငံ သည် နိုင်ငံတကာ အသိုင်းအဝိုင်း တွင် ကာလတစ်လျှောက် မြန်မာ နိုင်ငံ ဘက်မှ ရပ်တည်ပေးခဲ့သည့် ဆွေးမျိုးပေါက်ဖော် ညီအကို နိုင်ငံ တစ်နိုင်ငံ ဖြစ်ကြောင်း မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ပူးပေါင်း ဆောင်ရွက်မှု ဆက်ဆံရေး အဆက်မပြတ် ဖွံ့ဖြိုးတိုးတက် လာသည် နှင့်အမျှ နှစ်နိုင်ငံ ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှု မှာလည်း တိုးချဲ့နက်ရှိုင်းလာခဲ့ကြောင်း ပြောကြား ခဲ့သည်။

တတိယ အကြိမ်မြောက် တရုတ်-မြန်မာ “ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့” အခမ်းအနား တွင် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး က နှစ်နိုင်ငံ ချစ်ကြည်ဆက်ဆံရေး အတွက် ဆောင်ရွက်ပေးခဲ့သည့် အဖွဲ့အစည်း ၁၀ ခု တို့အား တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးဆု ပေးအပ် ချီးမြှင့် ခဲ့ပြီး ဆွေမျိုး ပေါက်ဖော် ရန်ပုံငွေ အဖွဲ့ က မြန်မာနိုင်ငံ စစ်ဘေး ဒုက္ခသည် နှင့် သဘာဝဘေး ဒုက္ခသည် များအတွက် လှူဒါန်းငွေ ကျပ်သိန်း ၈၀၀ အား နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ထံသို့ လွှဲပြောင်းပေးအပ် ခဲ့သည်။

တရုတ်-မြန်မာ “ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့” အခမ်းအနား အား မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး နှင့် မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့ ပွဲဖြစ်မြောက်ရေး ကော်မတီ တို့က ပူးပေါင်းဆောင်ရွက် ခဲ့ခြင်း ဖြစ်ပြီး နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ဆက်ဆံရေး တိုးတက်ဖွံ့ဖြိုးစေရန် အတွက် ကျင်းပ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.