Connect with us

Videos

တရုတ်နိုင်ငံ၏ ဆိတ်ငြိမ်အရပ်မှ စာကြည့်တိုက်လေး

ဘီဒါဟော ၊ အောက်တိုဘာလ (၃၁)ရက်၊ ဆင်ဟွာ

တိတ်ဆိတ်ငြိမ်သက်သော ဆိတ်ငြိမ်အရပ်တွင်စာဖတ်ချင်သူများ သည် တရုတ်နိုင်ငံမြောက်ပိုင်း သမုဒ္ဒရာ ကမ်းရိုးတန်းမြို့ ဘီဒါဟော တွင် တည်ဆောက်ထားသော တစ်ခုတည်းသောစာကြည့်တိုက်သို့ သွားရောက်ကြသည်။ စာကြည့်တိုက်အား၂ထပ် ဆောက်လုပ်ပေးထားပြီး စာဖတ်သူများ အဆင်ပြေစေမည့် ဝန်ဆောင်မှုများပြည့်စုံစွာ ထားရှိပေးကြောင်းသိရသည်။ စာဖတ်သူများသည် စာကြည့်တိုက်မှ တစ်ဆင့် သမုဒ္ဒရာရှုခင်းကိုကြည့်ရှုခံစား နိုင်မည်ဖြစ်သည်။ လာရောက်လည်ပတ်သူများသည် စာဖတ်အခန်းအပြင် တစ်ဦးထဲ တွေးတောနေနိုင်အောင် နှင့် တရားထိုင်နိုင်ရန်အတွက် အခန်းတစ်ခန်းလည်းစီစဉ်ပေးထားသည်။ စာဖတ်သူတစ်ဦးကလည်း ထိုစာကြည့်တိုက်တွင်လာရောက်ဖတ်ရခြင်းသည် အလွန်အေးချမ်းပြီး စိတ်ချမ်းသာစရာကောင်းသောကြောင့် မကြာခဏလာဖြစ်ကြောင်းပြောကြားခဲ့သည်။ စာကြည့်တိုက်အား ပြီးခဲ့သည့်မေလတွင်ဖွင့်လှစ်ခဲ့ပြီး တရုတ်နိုင်ငံရှိ မီဒီယာ တော်တော်များများမှလည်း စိတ်ဝင်တစားရှိခဲ့သည်။ ဖွင့်ကာစတွင် လူပေါင်း၂ထောင်လောက်အစုလိုက်အပြုံလိုက် လာရောက်လည်ပတ်သည့်အချိန်လည်းရှိ သောကြောင့် ယခုအချိန်တွင်တော့ ကြိုတင်စာရင်းပေးထားသူများမှသာ လက်ခံသောစနစ်ကို ကျင့်သုံးလျက်ရှိသည်။ သို့မှသာ တိတ်ဆိတ်သောပတ်ဝန်းကျင် အားထိန်းသိမ်းရာရောက်မည်ဖြစ်သည်။ ဧည့်သည်တချို့ သည် နိုင်ငံရပ်ခြားမှ လာရောက်သူများရှိသကဲ့သို့ ၊ မင်္ဂလာဆောင်အမှတ်တရ ဓါတ်ပုံရိုက်ကူးလိုသူများ၊ အလှအပအားခံစားလို သူများ လာရောက်ကြခြင်းဖြစ်ကြောင်း၊ လာရောက်လည်ပတ်သူများ အေးဆေးစွာစာဖတ်နိုင်ရန်နှင့် စိတ်ချမ်းသာစွာ အနားယူနိုင်ရန်အတွက် ဝန်ဆောင်မှုပေးကြောင်း စာကြည့်တိုက်မှ ဝန်ထမ်းများက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.