Connect with us

Videos

နိုင်ငံတော် သမ္မတဦးထင်ကျော် ရာထူးမှ နှုတ်ထွက်

နေပြည်တော်၊ မတ် ၂၁ ရက် (ဆင်ဟွာ)

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတဦးထင်ကျော်သည် လက်ရှိအလုပ်တာဝန်များမှ အနားယူလိုသောကြောင့် မတ် ၂၁ရက်နေ့မှစ၍ သမ္မတရာထူးမှ နုတ်ထွက်သွားကြောင်း သိရသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လစ်လပ်နေသော သမ္မတရာထူးနေရာကို နိုင်ငံတော် သမ္မတ ရွေးချယ်တင်မြှောက်စဉ်အခါက ဒုတိယ ဆန္ဒမဲအများဆုံးရရှိခဲ့သည့် ဒုတိယသမ္မတ ဦးမြင့်ဆွေမှ ယာယီသမ္မတအဖြစ် လွှဲပြောင်း တာဝန်ယူမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

ယနေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်ကလည်း ရာထူးတာဝန်မှ အနားယူသွားကြောင်း တင်ပြချက်ကို ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဌ ဦးတီခွန်မြတ်က လွှတ်တေ်ာအစည်းအဝေးအပြီးတွင် ဖတ်ကြားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.