Videos
နှစ်ပေါင်း ၆၆ နှစ်ကြာလက်သည်းအရှည်ထားခဲ့သည့် ကမ္ဘာ့လက်သည်းအရှည်ဆုံးလူသား
နယူးယောက်၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ)
အိန္ဒိယနိုင်ငံမှ ရှရစ်ဒ်ဟာချီလာလ် ဆိုသူမှာ ကမ္ဘာပေါ်တွင် လက်သည်းအရှည်ဆုံးလူသားတစ်ဦးအဖြစ် ဂင်းနစ် စံချိန်မှတ်တမ်းဝင်ခဲ့သူတစ်ဦးဖြစ်ပြီး ၎င်း၏ ရှည်လျားလှသည့်လက်သည်းများကို နှစ်ပေါင်း ၆၆ နှစ်အကြာ ထားပြီးနောက်တွင် ဖြတ်ပစ်ခဲ့ကာ ပြတိုက်တွင် ထားရှိလိုက်ပြီဖြစ်ကြောင်းသိရသည်။ ၎င်း၏ လက်သည်းများမှာ ၉ဝ၉ .၆ စင်တီမီတာ (၂၉ ပေနှင့် ၁ဝ.၁ လက်မ)အရှည်ရှိပြီး ဘတ်စ်ကားတစ်စီး၏ အလျားနီးပါး ရှည်လျားခြင်း ဖြစ်ပြီး ဖြတ်ထုတ်ပစ်လိုက်သည့် လက်သည်းများကို နယူးယောက်မြို့ရှိ Ripley’s ထူးဆန်းအံ့ဖွယ်ပြတိုက်တွင် ပြသထားသည်။ အသက်၈၂ နှစ်ရှိပြီဖြစ်သည့် ရှရစ်ဒ်ဟာ မှာ ၁၉၅၂ ခုနှစ် ၎င်း၏ အသက် ၁၄ နှစ် အရွယ်တွင် ဆရာတစ်ဦးက လက်သည်းများကို ဂင်းနစ်စံချိန်တင်သည်အထိအရှည် ထားရန် အမှတ်တမဲ့ ပြောကြားခဲ့ပြီး နောက်ထိုလက်သည်းများကို လုံးဝမညှပ်ပစ်ဘဲ အရှည်ထားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ (Xinhua)