Connect with us

Videos

ကြားဖြတ်ရွေးကောက်ပွဲသည် ပွင့်လင်းမြင်သာမှုရှိ

ရန်ကုန်၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

အစိုးရသစ်လက်ထက်တွင် ပထဆုံးအကြိမ် အဖြစ် ယနေ့ ကျင်းပသည့် ကြားဖြတ် ရွေးကောက်ပွဲ စုစုပေါင်း လစ်လပ်သော မဲဆန္ဒနယ်နေရာ (၁၉) နေရာအတွက် တိုင်းဒေသကြီး/ပြည်နယ် ၈ ခု၏ ၂၂ မြို့ နယ်တွင် ကျင်းပနေခြင်းဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲသည် ပွင့်လင်းမြင်သာရှိကြောင်း၊ မဲဆန္ဒရှင် ပြည်သူများ အနေဖြင့် လျှို့ဝှက်စွာ မဲပေးနိုင်ကြောင်း မဲဆန္ဒရှင် ပြည်သူတချို့ နှင့် လွှတ်တော်ကိုယ်စားလှယ်တချို့ ကို မေးမြန်းချက်အရ သိရသည်။

NLD ပါတီမှ လှိုင်သာယာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းမင်းက “ရွေးကောက်ပွဲက ပွင့်လင်းမြင်သာမှုရှိတယ်။ လွတ်လပ်စွာ မဲပေးနိုင်ခွင့်ရှိတယ်။ ကြိုတင်မဲ ပြသနာမရှိဘူး။ ကျွန်တော်တို့လှိုင်သာယာ ၁၉ ရပ်ကွက်မှာတော့ နှစ်ကြိမ်မဲပေးတဲ့ ကိစ္စတစ်ခုတော့ ရှိခဲ့တယ်’’ ဟုဆင်ဟွာကိုပြောသည်။

NDF ပါတီ ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၆) မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်း ဦးခိုင်မောင်ရည်က “ကြားဖြတ်ရွေးကောက်ပွဲက မဲပေးသူတွေ အနေနဲ့ ထင်သာမြင်သာရှိခဲ့တယ်။ မဲရုံလေ့လာသူတွေလည်းလာရောက်လေ့လာခဲ့ကြတယ်။ သံတမန်တွေလည်း မဲရုံကို လာရောက်လေ့လာကြတာ ရှိပါတယ်’’ ဟုဆင်ဟွာကိုပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ မှချောင်းဆုံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်းက “ရွေးကောက်ပွဲက ထင်သာမြင်သာရှိတယ်။ ပွင့်လင်းမြင်သာရှိတယ်။ ကြိုတင်မဲကို အခုရွေးကောက်ပွဲမှာ ငြိမ်အောင်ထိန်းနိုင်ခဲ့တယ်။ မဲပြားတွေထုတ်ပေးတဲ့ နေရာမှာ မြန်လာတယ်။’’ ဟု ဆင်ဟွာကိုပြောသည်။

ကိုယ်တိုင်သွားရောက် မဲပေးခဲ့သူအများစုသည် မိမိတို့ ရပ်ကွက်၊ မြို့နယ်အတွက် သေချာလုပ်ပေး နိုင်မည်ဟု ထင်သည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်၍ မဲပေးခဲ့ကြောင်း သိရသည်။ ယနေ့ ကိုယ်တိုင်မဲပေးခဲ့သည့် မဲဆန္ဒရှင် ပြည်သူများ အား ဆင်ဟွာ က မေးမြန်းဖြစ်ခဲ့သည်။

မဲရုံများတွင် နံနက် ၆ နာရီလောက်မှ စတင်၍ မဲပေးနိုင်ပြီး အလုပ်ဖွင့်ရက် ဖြစ်သည့်အတွက် အလုပ်မအားလပ် သူများအနေဖြင့် ကြိုတင်မဲများ ပေးသူများလည်းရှိကြောင်း သိရသည်။ ပြည်ပရောက်နိုင်ငံသားများ အနေဖြင့်လည်း သံရုံးများတွင် ကြိုတင်မဲများ ပေးခဲ့ကြကြောင်း သိရသည်။ လစ်လပ်မဲဆန္ဒနယ်များအတွက် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ စင်ကာပူရောက် မြန်မာနိုင်ငံသား ၁၃၅ ဦး အနေဖြင့် ဖေဖော်ဝါရီ ၂၆ ရက်နေ့ကတည်းက မြန်မာသံရုံးတွင် ကြိုတင်ဆန္ဒမဲများ ပေးခဲ့ကြပြီးဖြစ်ကြောင်း facebook စာမျက်နှာတွင် ဖော်ပြထားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.