Connect with us

Videos

တရုတ်နိုင်ငံက အစိုင်အခဲလောင်စာသုံး ဒုံးပျံ ထုတ်လုပ်ရေးစခန်းသစ် တည်ဆောက်မည်

ဆန်းတုန်း၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ) ဘာသာပြန် နှင့် တည်းဖြတ်/စုဝင့်

တရုတ်နိုင်ငံ အရှေ့ပိုင်းဆန်းတုန်းပြည်နယ် ဟိုင်ရန် မြူနီစပယ် အစိုးရနှင့် တရုတ် ဒုံးပျံထုတ်လုပ်ရေးလုပ်ငန်းဖြစ်သည့် China Rocket Co., တို့ပူးပေါင်းကာ ဧရိယာ ၁၆၃ ဟက်တာ အကျယ်ရှိ အစိုင်အခဲလောင်စာသုံး ဒုံးပျံ ထုတ်လုပ်ရေးစခန်းသစ်တည်ဆောက်ရန် သဘောတူ စာချုပ်အားလက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။

အဆိုပါ စခန်းတည်ဆောက်ပြီးစီးပါက Smart Dragon အမျိုးအစား သယ်ဆောင်ရေးဒုံးပျံများအပါအဝင်  အစိုင်အခဲလောင်စာသုံး ဒုံးပျံ အစင်းပေါင်း ၂၀ ခန့်ကို နှစ်စဉ်ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်း ကုမ္ပဏီက သတင်းထုတ်ပြန်သည်။

ဒုံးပျံထုတ်လုပ်ရေးစခန်းသည် ဒုံးပျံများ တပ်ဆင်ခြင်း၊ စမ်းသပ်ခြင်းနှင့် ပြည်တွင်းနှင့်ပြည်ပ အာကာသ ကုမ္ပဏီများအတွက် ပင်လယ်ပြင်မှ ဒုံးပျံလွှတ်တင်ခြင်း စသည်တို့ကိုလည်းဆောင်ရွက်ပေးနိုင်မည်ဖြစ် ပြီး ၎င်းမှာ ဟိုင်ရန်မြို့တွင် လက်ရှိတည်ဆောက်နေသည့် အာကာသပူးပေါင်းဆောင်ရွက်မှု စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုလည်းဖြစ်သည်။ စီမံကိန်း၏ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ တရုတ်ယွမ်ငွေ ၂၃ ဘီလီယံ(အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံကျော်) ရှိကြောင်း သိရသည်။

အာကာသပူးပေါင်းဆောင်ရွက်မှု စီမံကိန်းတွင် အာကာသ စက်မှုဥယျာဉ်၊ ပင်လယ်မှ ဒုံးပျံများလွှတ်တင်နိုင်သည့် ကိုယ်ပိုင်ဆိပ်ကမ်းတစ်ခုနှင့် အာကာသဆိုင်ရာလေ့လာရေးလုပ်ငန်းများအား ခရီးသွားများလေ့လာနိုင်မည့် အပန်းဖြေဥယျာဉ်တစ်ခုတို့ပါဝင်သည်။

လက်ရှိအချိန်တွင် ဟိုင်ရန်ဆိပ်ကမ်းရှိ ပင်လယ်ပြင်မှ ဒုံးပျံနှစ်စင်း အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.