Connect with us

Videos

တရုတ်နိုင်ငံတွင် ဒုတိယ ကမ္ဘာစစ် အောင်မြင်ခြင်း နှစ် ၇၀ ပြည့် အခမ်းအနား အကြိုလေ့ကျင့်မှုများဆောင်ရွက်

တရုတ် နိုင်ငံ ပေကျင်း မြို့၌ စက်တင်ဘာလ ၃ ရက်နေ့တွင် တရုတ်နိုင်ငံ ဖက်ဆစ်ဂျပန် တော်လှန်ရေး စစ်ပွဲနှင့် ဒုတိယ ကမ္ဘာစစ် အောင်မြင်ခြင်း နှစ် ၇၀ ပြည့် အခမ်းအနား အကြိုအဖြစ် ကြိုတင်ပြင်ဆင်လေ့ကျင့်မှုများကို ယခုကဲ့သို့ မြင်တွေ့ရမည် ဖြစ်သည်။
အဆိုပါအခမ်းအနားကို မြန်မာ နိုင်ငံ သမ္မတ ဦးသိန်းစိန် ၊ ရုရှား နိုင်ငံ သမ္မတ ပူတင် ၊ တောင်ကိုးရီးယား သမ္မတ ပတ်ဂွမ်ဟေး ၊ လာအို နိုင်ငံ သမ္မတ Choummaly Sayasone ၊ ဗီယမ်နမ် နိုင်ငံ သမ္မတ Truong Tan Sang ၊ တောင်အာဖရိက သမ္မတ Jacob Zuma ၊ ပါကစ္စတန် နိုင်ငံ သမ္မတ Mamnoon Hussain ၊ အီဂျစ် သမ္မတ Abdel Fattah el-Sisi စသည် နိုင်ငံ ပေါင်း ၃၀ မှ ခေါင်းဆောင် များတက်ရောက် ကြမည် ဖြစ် ပြီး နိုင်ငံပေါင်း ၄၉ နိုင်ငံမှ တက်ရောက်ကြမည် ဖြစ်ပြီး အစိုးရ ကိုယ်စားလှယ် များအနေဖြင့် သြစတြေးလျ ၊ ဘရာဇီး ၊ ပြင်သစ် ၊ ဟန်ဂေရီ ၊ အိန္ဒိယ ၊ အီတလီ ၊ မလေးရှား ၊ ဟော်လန် ၊ စင်ကာပူ နှင့် ဗြိတိန် စသည့် နိုင်ငံ တို့မှ ပါဝင်ကြောင်း သိရှိရသည်။ ထို့ပြင် ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း အပါအဝင် နိုင်ငံတကာနှင့် ဒေသတွင်း ဆိုင်ရာ အဖွဲ့အစည်း တာဝန်ရှိသူ များမှလည်း တက်ရောက် ကြမည် ဖြစ်ကြောင်း သိရှိရသည်။
ယခု ပြုလုပ်မည့် စစ်ရေးပြ အခမ်းအနားတွင် စစ်သည် ၁၂,၀၀၀ ပါဝင်မည် ဖြစ်ပြီး စစ်လက်နက် အမျိုးအစား ၄၀ ကျော်ဖြင့် စစ်လက်နက်ပေါင်း ၅၀၀ ကျော် ၊ လေယာဉ် အမျိုးအစား ၂၀ ကျော်ဖြင့် လေယာဉ် ပေါင်း အစင်း ၂၀၀ ကျော် ပါဝင်မည် ဖြစ်သည်။
တော်လှန်ရေး စစ်ပွဲအောင်မြင်ခြင်း စစ်ရေးပြ အခမ်းအနားတွင် စစ်ရေးပြ တပ်ဖွဲ့ ၅၀ စီစဉ်ထားပြီး ခြေလျင် တပ်ဖွဲ့ ၁၁ ဖွဲ့၊ ဂျပန်တော်လှန်ရေး စစ်မှုထမ်းဟောင်း များမှ ကားဖြင့် စီးနင်း၍ တပ်ဖွဲ့ ၂ ဖွဲ့ ၊ စစ်လက်နက် တပ်ဖွဲ့ ၂၇ ဖွဲ့ နှင့် လေကြောင်း တပ်ဖွဲ့ ၁၀ ဖွဲ့ ပါဝင် မည်ဖြစ်သည်။
အခမ်းအနားတွင်ပြသမည့် စစ်လက်နက် များသည် အများစုမှာ တရုတ် နိုင်ငံ ပြည်တွင်းမှ ထုတ်လုပ်သည့် စစ်လက်နက်များ ဖြစ်ကြပြီး ၎င်းတို့ အတွင်းမှ ၈၄ ရာခိုင်နှုန်းသည် ပထမ အကြိမ် ထုတ်ဖေါ် ပြသမည့် စစ်လက်နက်များ ဖြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.