Connect with us

Videos

China V-Day Parade 2015

တရုတ်နိုင်ငံ ဖက်ဆစ်ဂျပန် တော်လှန်ရေးနှင့် ဒုတိယကမ္ဘာစစ် အောင်မြင်ခြင်း နှစ် ၇၀ ပြည့် အခမ်းအနား
(စက်တင်ဘာလ ၃ ရက် ၊ ၂၀၁၅ )
တရုတ်နိုင်ငံ ပေကျင်းမြို့။
(စက်တင်ဘာလ (၃) ရက်နေ့သည် တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် တော်လှန်ရေး အောင်ပွဲနေ့ ဖြစ်သည်။)
အသေးစိတ် အစီအစဉ်
၁ == ဧည့်သည်တော်များ အား ကြိုဆိုခြင်း
နံနက် ရး၃၀ နာရီတွင် တရုတ်နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန် နှင့် ဇနီး ဖျိန်လိယွမ် တို့မှ နိုင်ငံတကာ ဧည်သည့် တော်များအား ကြိုဆိုခြင်း နှင့် အတူတကွ အမှတ်တရ ဓာတ်ပုံ ရိုက်ကူးပြီးနောက် ထျန်းအန်းမင် အဆောက်အအုံ ပေါ်တွင် ဂုဏ်ပြု စစ်ရေးပြ အခမ်းအနား ကြည့်ရှုရန် နေရာယူ
၂ == ဂုဏ်ပြုသီချင်း အား သံပြိုင် တီးမှုတ် သီဆိုခြင်း
စစ်တပ် ဘင်ခရာတပ် နှင့် သံပြိုင် သီဆိုအဖွဲ့ မှ ဂုဏ်ပြု တေးသီချင်းအား တီးမှုတ် သီဆိုခြင်း
၃ == ဂုဏ်ပြုအမြောက် ပစ်ခတ်ခြင်း နှင့် နိုင်ငံတော်အလံ လွှင့်တင်ခြင်း
နံနက် ၈း၃၀ တွင် အခမ်းအနား စတင်ကြောင်း ကြေညာပြီး ဂုဏ်ပြုအမြောက် အချက် ၇၀ ပစ်ဖေါက်ခြင်း ၊ နိုင်ငံတော်အလံ လွှင့်တင်ခြင်း ၊ နိုင်ငံတော်သီချင်း သီဆိုခြင်း
၄ == တရုတ်နိုင်ငံတော် သမ္မတ မှ မိန့်ခွန်း ပြောကြားခြင်း
တရုတ်နိုင်ငံတော် သမ္မတရှီကျင့်ဖိန် မှ မိန့်ခွန်း ပြောကြားခြင်း
၅ == စစ်ရေးပြတပ်ဖွဲ့ များအားစစ်ဆေးခြင်း
တရုတ်နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန် မှ စစ်ရေးပြ တပ်ဖွဲ့များအား စစ်ဆေးခြင်း
၆ == စစ်ရေးပြ တပ်ဖွဲ့များ စတင်ပြသခြင်း( အချိန် မိနစ် ၅၀ ခန့်)
(လေကြောင်း အလံတော်ပြ တပ်ဖွဲ့)
–ရဟတ်ယာဉ် များမှ တရုတ်နိုင်ငံတော် အလံများ ချိတ်ဆွဲကာ ပျံသန်း ပြသခြင်း
–ရဟတ်ယာဉ် အစင်း ၂၀ မှ နှစ် ၇၀ ပြည့်မြောက်ခြင်း အထိမ်းအမှတ ်အဖြစ် “70” ဟူသည့် စာလုံးအား ပုံဖော်ပြသခြင်း
–ရဟတ်ယာဉ် ၇ စင်း မှ ၇ ရောင်စဉ် သက်တံ့အား ပုံဖော်ပြသခြင်း
(စစ်မှုထမ်းဟောင်း များမှ ကားဖြင့် စစ်ရေးပြ ချီတက်ခြင်း)
–စစ်မှုထမ်းဟောင်း၊ သူရဲကောင်း သားသမီး များမှ ကားဖြင့် စစ်ရေးပြ ချီတက်ခြင်း
–အရပ်ဖက် စစ်ပွဲတွင် ပါဝင်ခဲ့သူများမှ ကားဖြင့် စစ်ရေးပြ ချီတက်ခြင်း
(တရုတ်နိုင်ငံ ခြေလျင် စစ်ရေးပြ ချီတက်တပ်ဖွဲ့ ၁၁ ဖွဲ့)
–ကြည်း ၊ ရေ ၊ လေ အမျိုးသမီး စစ်ရေးပြ ချီတက်တပ်ဖွဲ့(အမျိုးသမီး စစ်ရေးပြ ချီတက် တပ်ဖွဲ့မှ ပထမဆုံးအကြိမ် စစ်ရေးပြ ချီတက်ခြင်း)
–ခြေလျင် စစ်ရေးပြချီတက်တပ်ဖွဲ့
(ပြည်ပနိုင်ငံ ၁၇ နိုင်ငံ မှ စစ်ရေးပြ ကိုယ်စားလှယ် ချီတပ်တပ်ဖွဲ့ ၁၇ ဖွဲ့)
၁. အာဖဂန် စစ်တပ် ကိုယ်စားပြု စစ်ရေးပြ တပ်ဖွဲ့
၂. ဘယ်လာရုစ် စစ်တပ် ကိုယ်စားပြု စစ်ရေးပြ တပ်ဖွဲ့
၃. ကမ္ဘောဒီးယား စစ်တပ် ကိုယ်စားပြု စစ်ရေးပြ တပ်ဖွဲ့
၄. ကျူးဘား တော်လှန်ရေး တပ်မတော် ကိုယ်စားပြု စစ်ရေးပြ တပ်ဖွဲ့
၅. အီဂျစ် စစ်တပ် ကိုယ်စားပြု စစ်ရေးပြ တပ်ဖွဲ့

၆. ဖီဂျီစစ်တပ် ကိုယ်စားပြု စစ်ရေးပြ တပ်ဖွဲ့

၇. ကာဇက်စတန် စစ်တပ် ကိုယ်စားပြု စစ်ရေးပြ တပ်ဖွဲ့

၈. ကာဂျစ် စစ်တပ် ကိုယ်စားပြု စစ်ရေးပြ တပ်ဖွဲ့

၉. လာအိုပြည်သူ့ တပ်မတော် ကိုယ်စားပြု စစ်ရေးပြ တပ်ဖွဲ့

၁၀. မက္ကဆီကို စစ်တပ် ကိုယ်စားပြု စစ်ရေးပြ တပ်ဖွဲ့

၁၁. မွန်ဂိုလီးယန်း စစ်တပ် ကိုယ်စားပြု စစ်ရေးပြ တပ်ဖွဲ့

၁၂. ပါကစ္စတန် စစ်တပ် ကိုယ်စားပြု စစ်ရေးပြ တပ်ဖွဲ့

၁၃. ဆာဗီးယား စစ်တပ် ကိုယ်စားပြု စစ်ရေးပြ တပ်ဖွဲ့

၁၄. တာဂျစ်ကစ္စတန် စစ်တပ် ကိုယ်စားပြု စစ်ရေးပြ တပ်ဖွဲ့

၁၅. ဗာနူအာတူ ရွေ့လျားစစ်တပ် ကိုယ်စားပြု စစ်ရေးပြတပ်ဖွဲ့
၁၆. ဗင်နီဇွဲလား စစ်တပ် ကိုယ်စားပြု စစ်ရေးပြ တပ်ဖွဲ့
၁၇. ရုရှား စစ်တပ် ကိုယ်စားပြု စစ်ရေးပြ တပ်ဖွဲ့

(စစ်လက်နက် စစ်ရေးပြ ချီတက်တပ်ဖွဲ့ ၂၇ ဖွဲ့)
အပိုင်း (၁) ကုန်းကြောင်း တိုက်ခိုက်ရေး တင့်ကား တပ်ဖွဲ့များ
အပိုင်း (၂) လေကြောင်း ကာကွယ်ရေး ဒုံးကျဉ် တပ်ဖွဲ့
အပိုင်း (၃) ရေကြောင်း တိုက်ခိုက်ရေး ဒုံးကျဉ် တပ်ဖွဲ့
အပိုင်း (၄) စစ်ရေး တိုက်ခိုက်မှု တပ်ဖွဲ့
–ပုံမှန် ဒုံးကျည် တပ်ဖွဲ့
–နျူကလီးယား ဒုံးကျည် တပ်ဖွဲ့
အပိုင်း (၅) သတင်း အချက်အလက် တပ်ဖွဲ့
–အချက်ပြ ရေဒါ တပ်ဖွဲ့
–မောင်းသူမဲ့ ယာဉ် တပ်ဖွဲ့
အပိုင်း (၆) နောက်တန်း ထောက်ပံ့ရေး တပ်ဖွဲ့

(လေကြောင်း စစ်ရေးပြ တပ်ဖွဲ့)
–ရှေ့ပြေး လေယာဉ် တပ်ဖွဲ့
–အချက်ပြ ညွှန်ကြားရေး လေယာဉ် တပ်ဖွဲ့
–ရေကြောင်း ကင်းလှည့် လေယာဉ် တပ်ဖွဲ့
–ဗုံးကျဲ လေယာဉ် တပ်ဖွဲ့
–ရေကြောင်း လောင်စာဆီဖြည့် လေယာဉ် တပ်ဖွဲ့
–တိုက်လေယာဉ် တပ်ဖွဲ့ (၁)
–တိုက်လေယာဉ် တပ်ဖွဲ့ (၂)
–လေယာဉ်တင် သင်္ဘော၏ လေယာဉ် တပ်ဖွဲ့
–ရဟတ်ယာဉ် တပ်ဖွဲ့(မီးခိုးငွေ့ဖြင့် ပုံဖော်ပြ သမည်)
#သောင်း နှင့်ချီသော ငြိမ်းချမ်းရေး ချိုးငှက် နှင့် မိုးပျံ ပူပေါင်းများ လွှင့်တင်ခြင်း
–အခမ်းအနား ပြီးဆုံးခြင်း။

***********ကမ္ဘာ့ ငြိမ်းချမ်းရေး အဓွန့်ရှည်ပါစေဟု ဆုမွန်ကောင်း တောင်းအပ်ပါသည်။**************

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.