Connect with us

Videos

လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန် ၁၀၀ ရာခိုင်နှုန်း အာမခံ ဟု ကော်မရှင် ဥက္ကဌဆို

ရန်ကုန်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှု ရှိစေရန် ၁၀၀ ရာခိုင်နှုန်းထိ အာမခံနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လာမည့် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်အောင် ကျင်းပပေးမည်ဖြစ်ပြီး ထိုသို့ဖြစ်မဖြစ်ကို ဥပဒေနှင့် တိုင်းမည်ဖြစ်ကြောင်း အဆိုပါ ရွေးကောက်ပွဲအတွက် ကျပ် ၄၄ ဘီလီယမ် သုံးစွဲရန် လျာထားကြောင်း ဥက္ကဌက ဆိုသည်။

ရွေးကောက်ပွဲအတွက် နိုင်ငံတကာ လေ့လာရေးအဖွဲ့ ၄ဖွဲ့လာရောက်ရန် ကော်မရှင်ထံ အကြောင်းကြားထားပြီး ကော်မရှင်အနေဖြင့် နိုင်ငံတကာလေ့လာရေးအဖွဲ့များကို အရေအတွက် ကန့်သတ်ထားခြင်းမရှိကြောင်း၊ ပြည်တွင်းလေ့လာရေးအဖွဲ့အနေဖြင့် လက်ရှိချိန်ထိ နှစ်ဖွဲ့သာ စာရင်းပေးထားကြောင်း ဥက္ကဌ ဦးတင်အေးက ဆိုသည်။

ရွေးကောက်ပွဲကော်မရှင်က ပြဋ္ဌာန်းထားသော စည်းမျဉ်းစည်းကမ်းများနှင့် မကိုက်ညီဟုဆိုကာ သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်မှ ပယ်ချသော ကိုယ်စားလှယ်လောင်း စုစုပေါင်း ၈၈ဦးရှိကြောင်း၊ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် စာရင်းများကို နိုင်ငံတဝန်းမှာ စက်တင်ဘာလ ၁၄ မှ ၂၇ ရက်ထိ ၁၄ ရက်ကြာ ကြေညာပေးထားမည်ဖြစ်ပြီး လက်ရှိတွင် နိုင်ငံခြားမှ မဲပေးပိုင်ခွင့်ရှိသူ ၁၈၀၀၀ ကျော် ရှိကြောင်းသိရ သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.