Connect with us

Videos

တရုတ်နိုင်ငံ၏ ပထမဆုံးမောင်းသူမဲ့မြေအောက်ရထား

ပေကျင်း၊ အောက်တိုဘာ(၁၇)ရက်၊ (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ပထမဆုံးအလိုအလျောက် မောင်းသူမဲ့ မြေအောက်ရထားများ ကိုစတင် ပြေးဆွဲနိုင်ရန်အတွက် ထုတ်လုပ် လိုက်ပြီ ဖြစ်ပါသည်။ ၎င်းတို့ သည် တရုတ်နိုင်ငံ၏ ပထမဦးဆုံးမောင်းသူမဲ့ မြေအောက် ရထားများဖြစ်ပြီး ပေကျင်းတွင် ယခုနှစ် နှောင်းပိုင်း၌ စတင်ပြေးဆွဲရန် အစီအစဉ်ရှိကြောင်းသိရသည်။

အဆိုပါ မြေအောက်ရထားများသည် ပုံစံသစ်၊ စနစ်သစ်နှင့် ထုတ်လုပ်ထားပြီး အန္တရာယ်ကင်း ကြောင်း ရာနှုန်းပြည့်အာမခံသည့်အပြင် ရထားလမ်းများကို စစ်ဆေးကြည့်ရှုနိုင်သည့်စနစ် လည်း ပါဝင်သည်။

မောင်းသူမဲ့မြေအောက် ရထားသည်အမြန်နှုန်း ၁ နာရီ ကို ၈ဝ ကီလိုမီတာ အထိမောင်းနှင် နိုင်မည်ဖြစ်ပြီး ခရီးသည်ပေါင်း ၁၂၆၂ ယောက်ကို တင်ဆောင်နိုင်မည်ဖြစ်သည်။ မောင်းသူမဲ့မြေအောက်ရထားများကို ဒိန်းမတ်နိုင်ငံကိုပင်ဟေဂင် တွင် ပထမဆုံးစတင်အသုံးပြုခဲ့ကြပြီး ပဲရစ်၊ ဘာစီလိုနာနှင့် နျူရင်ဘတ်မြို့များတွင်လည်းအသုံးပြုလျက်ရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.