Connect with us

Videos

တရုတ်ရိုးရာ ချိကုန်း အားကစား လေ့ကျင့်ခန်းကို လူပေါင်း ၅ သိန်းအထိ တပြိုင်နက်ပါဝင် လေ့ကျင့်

အန့်ဟွေး၊ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအရှေ့ပိုင်း အန့်ဟွေးပြည်နယ် Bozhou မြို့တွင် wuqinxi အားကစားကို တစ်ချိန်တည်းတွင် လူပေါင်း ၅ သိန်းအထိပါဝင် လေ့ကျင့်ခဲ့ကြသည်။ wuqinxi အားကစားက တိရစ္ဆာန်ငါးမျိုး၏ လှုပ်ရှားမှုများအတိုင်းအတုယူကာလိုက်လံလေ့ကျင့်ရသည့် တရုတ်ရိုးရာ ချိကုန်း အားကစား လေ့ကျင့်ခန်းလည်းဖြစ်သည်။ အဆိုပါ လေ့ကျင့်ခန်းကိုတရုတ်နိုင်ငံတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၁၈ဝဝ ကတည်းက စတင်လေ့ကျင့်ခဲ့ကြခြင်းဖြစ်သည်။ ထိုသို့လေ့ကျင့်ခြင်းအားဖြင့် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး နာမကျန်းဖြစ်ခြင်းမှ ကာကွယ်ပေးသည်။ wuqinxi အားကစားကို ၂ဝ၁၁ ခုနှစ်တွင် တရုတ်နိုင်ငံ၏ မပျောက်ပျက်အောင်ထိမ်းသိမ်းစောင့်ရှောက်ရမည့် အမွေအနှစ်တစ်ခုအဖြစ်စာရင်းသွင်းခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.